လူပြောများနေတဲ့ ကြော်ငြာနဲ့ပတ်သက်ပြီး Blame သမျှကိုကျေကျေနပ်နပ်ကြီးခံယူသွားမယ်ဆိုတဲ့ အေးမင်းဟိန်း

Posted on

ပရိသတ်တွေကို ဟာသတွေ အမြဲတင်ဆက်ပေးပြီး video reaction တွေပြုလုပ်ပြီး ရယ်မောပျော်ရွှင်စေတဲ့ ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ဖြစ်တဲ့ အေးမင်းဟိန်းကတော့ လတ်တလောမှာ ပရိသတ်တွေကြားမှာအတော်လေး ဝေဖန်မှုပြင်းထန်နေတဲ့ကြော်ငြာမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ် ။ ဒီ ကြော်ငြာ ဗီဒီယိုကြောင့် သူ့အတွက် ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရတာပါ ။ ဒါကြောင့် အေးမင်းဟိန်းက သူ့ကို အားပေးတဲ့ထဲက လူကြီး လူငယ် ကလေးတွေအတွက် မသင့်တော်တဲ့ အသုံးအနှုန်းတွေ ရွံ့စရာအမူအရာတွေ နဲ့ ပြောမိဆိုမိခဲ့ရင် ဒီကပဲတောင်းပန်အပ်ပါတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ တောင်းပန်ကြောင်းရေးသားခဲ့ပါတယ် ။

 


သူ ကိုယ်တိုင်လည်း တစ်ခါတစ်လေ မိန်းကလေးလို့ ဝတ်ပြီးသရုပ်ဆောင်နေတဲ့ အတွက် မိန်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ abuse လုပ်တာမျိုး မထင်စေချင်သလို မိန်းကလေးတွေကိုလည်း တန်ဖိုးထားပါတယ်တဲ့ ။ နောက်နောင်လည်း မဖြစ်စေရဘူးလို့ ကတိပေးခဲ့ပြီး သူ ကိုယ်တိုင်လည်း လုပ်ခဲ့မိတဲ့ သရုပ်အပေါ် မသင့်တော်ဘူးလို့ ယူဆပြီး ကိုယ်တိုင်ကလည်း Troller Blamer ဖြစ်တဲ့ အတွက် Blame တာတွေကို ကျေကျေနပ်နပ်ကြီးလက်ခံသွားပါမယ် လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

“အရင်က ကြည့်မရတာအခုတော့ပိုဆိုးသွားပြီဆိုတဲ့သူတွေကိုလည်း တောင်းပန်ပါတယ် ” “အရင်ကတော့အားပေးတယ် ခုတော့ ရွံ့သွားပြီဆိုတဲ့သူတွေလည်း တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်အမြဲပျော်ပျော်နေတတ်တဲ့သူအတွက် အရမ်း စိတ်ဓာတ်ကျသွားတဲ့အချိန်မှာ ကိုယ့်အကြောင်းသိလို့ နားလည်ပြီး အားပေးခဲ့တဲ့သူတစ်ယောက်ခြင်းစီကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ. ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေအားလုံးကို တောင်းပန်ကြောင်းရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

Source : Aye Min Hein
Emily (Cele Gabar)