ပရိသတ်ရဲ့အချစ်တော် Rapper မလေး စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီးကတည်းက မိသားစုကိုပဲအချိန်ပေးရင်း ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်နေသူပါ။ အားပေးနေတဲ့ပရိသတ်တွေအတွက် သီချင်းတွေပြန်လည်ချပြနိုင်ဖို့လည်း ကြိုးစားနေပြီး မကြာသေးခင်ကမှ စိုးသူနဲ့ အတူ သီဆိုထားတဲ့ စုံတွဲသီချင်းလေးတစ်ပုဒ် ထွက်ရှိနိုင်ခဲ့ပါသေးတယ်။
လတ်တလောကိုဗစ်ကာလမှာတော့ အိမ်မှာပဲနေရင်း သမီးဖြစ်သူထရက်ရှာလေးနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးလျက်ရှိတဲ့အပြင် ပရိသတ်ကြီးကိုလည်း နေ့စဉ်နီးပါး ဗွီဒီယိုလေးတွေနဲ့ မျှဝေပေးနေပါတယ်။ ဒီနေ့မှာတော့ သင်ယူလွယ်နေပြီဖြစ်တဲ့ထရက်ရှာလေး မေမေပြောသမျှလိုက်လုပ်တတ်နေပြီဖြစ်ကြောင်း ” လက်ပိုက်ပါထရက်ရှာ…. လက်ပိုက်ဆိုလဲပိုက် မေမေ့ဆီလာဆိုလည်း လာနေပြီ အတတ်ကလေးဖြစ်နေပြီ ” ဆိုပြီး ဗွီဒီယိုလေးနဲ့ မျှဝေလာပါတယ်။
ထရက်ရှာလေးကတော့ နေ့စဉ်နေ့တိုင်း မေမေ့ရဲ့သင်ကြားထိန်းကျောင်းမှုကို ခံနေရတဲ့ကလေးလေးမို့ အခုဆို တော်တော်တောင် တတ်နေပါပြီတဲ့ ပရိသတ်ကြီးရေ.. ချစ်ဖို့ကောင်းအောင် တစ်တုတ်ပြီး မေမေ့စကားအတိုင်း တစ်သွေမသိမ်း လုပ်တတ်နေပြီဖြစ်တဲ့ ထရက်ရှာလေးရဲ့ဗွီဒီယိုကို ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Sandi Myint Lwin
Rainbow- Cele Gabar