မသေချင်သေးဘူး အမေ့အကြွေးတွေဆပ်ပြီး သီချင်းတွေလုပ်ချင်သေးတယ်ဆိုတဲ့ မင်းZ

Posted on

မင်းZ ကတော့ မန္တလေးမြို့မှာ ဆိုင်ကယ်ဝပ်ရှော့နဲ့ အသက်မွေးဝမ်းကျောင်းပြုရင်း ဝါသနာပါရာ ဂီတခရီးလမ်းကို လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ကိုဗစ်ကာလမှာ Rapper အဆိုတော်တွေကစတင်လိုက်တဲ့ Rap Challenge ကြောင့် ပရိသတ်တွေသတိထားမိခဲ့တဲ့လူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ကိုဗစ်ကာလမှာ Stay Home နေကြဖို့ စည်းကမ်းထုတ်ထားပေမယ့် ရောဂါပိုးကူးမှာထက် မိသားစု(၈)ယောက်ရဲ့ဝမ်းရေးဖြေရှင်းဖို့က ပိုအရေးကြီးနေတယ်ဆိုတဲ့ မင်းZ ရဲ့စာသားတချို့ကြောင့် ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ရပြီး ဝါသနာရှင်တွေကိုလက်တွဲခေါ်ယူတတ်သူယုန်လေးကတော့ မင်းZ ကိုလက်တွဲခေါ်ယူခဲ့တယ်လို့ ဆိုရမှာပါ။ ယုန်လေးနဲ့အတူတူ ပထမဆုံးအနေနဲ့ ဝမ်းစာသီချင်းလေးဖန်တီးခဲ့ပြီး အခုတစ်ခေါက်မှာတော့ စိတ်ကူး သီချင်းလေးကို ထပ်မံဖန်တီးခဲ့ပါတယ်။

မင်းZ ကတော့ မန္တလေးမြို့မှာ သာမန်ဝါသနာရှင်တစ်ယောက်အနေနဲ့ သီချင်းတွေလုပ်ကိုင်နေရင်းမှ အခုလိုတိုင်းသိပြည်သိဖြစ်အောင် သီချင်းတွေဖန်တီးခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာနေတဲ့အပြင် ” ကျွန်တော်မသေချင်သေးဘူး.. အမေ့အကြွေးဆပ်ပြီးရင် သီချင်းတွေဆက်တိုက်ထုတ်ချင်သေးတယ်… စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကြိုးစားမယ်အမေ” ဆိုပြီးသူ့ရင်ထဲက ခံစားချက်လေးတွေကို မျှဝေခဲ့ပါတယ်။ ဒီထက်မက ပရိသတ်အားပေးမှုရရှိပြီး စိတ်ကူးလေးအတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် မင်းZ ရေ..


Source – Min Z
Rainbow- Cele Gabar