Annie ရဲ့ အမာခံပရိသတ်တွေ ကြေကွဲခဲ့ရတဲ့ The Voice Myanmar Battle ည

ကိုဗစ်ကာလအတွင်း ပြည်သူလူထုအတွက် ဘဝအမောဖြေဖျောက်စရာအစီအစဉ်တစ်ခုအဖြစ် ထုတ်လွှင့်ပြသလာတဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ Blind Audition အပတ်စဉ်တွေပြသခဲ့ပြီးနောက် ဒီနေ့ညမှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်ချင်း ယှဉ်ပြိုင်ရတဲ့ Battle Round ပထမဆုံးထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။

အဖွဲ့တစ်ဖွဲ့ထဲက ပြိုင်ပွဲဝင်နှစ်ယောက် သီဆို battle ပြိုင်ရတဲ့ပွဲမို့ နှစ်ယောက်ထဲကတစ်ယောက်ကတော့ နောက်ထပ် သူ့ကို Steal လုပ်မယ့်ဒိုင်သာမရှိခဲ့ဘူးဆိုရင် ပြိုင်ပွဲကို နှုတ်ဆက်ထွက်ခွာသွားရမှာဖြစ်ပါတယ်။ ဒီနေ့ ည Battle Night ရဲ့နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေက ပရိသတ်ကိုစိတ်မကောင်းဖြစ်စေခဲ့ဆုံးသူကတော့ Annie ပါ။ Annie ကတော့ Season-3 ပြိုင်ပွဲရဲ့ Blind Audition အဆင့်ကို ကိုဌက်ရဲ့ သီချင်းလေးကို သီဆိုပြီး ပထမဆုံးဖြတ်ကျော်နိုင်ခဲ့တဲ့သူပါ။

ရှားပါးတဲ့ အသံကာလာကို ပိုင်ဆိုင်ထားသူမို့ Blind Audition ပြိုင်ပွဲပြီးကတည်းက We Love Group နဲ့ အမာခံပရိသတ်များစွာကို ပိုင်ဆိုင်ထားသလို Battle Round ကို အကောင်းဆုံးဖြတ်ကျော်နိုင်လိမ့်မယ် ပရိသတ်တွေယုံကြည်ထားသူတစ်ယောက်ပါ။ ဒီနေ့ည Battle Round မှာတော့ အဆိုတော်နေနေရဲ့ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်နဲ့ Let It Be ဆိုတဲ့ သီချင်းကို Battle သီဆိုခဲ့ကြတာဖြစ်ပြီး ဒိုင်တွေရဲ့သုံးသပ်မှုအပြီးမှာတော့ ဒိုင်ဖြစ်သူကျားပေါက်က ကိုလင်းမြိုင်ကို နောက်တစ်ဆင့်တက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းစရာတစ်ခုကတော့ နောက်ထပ် တခြားဒိုင်တွေကလည်း Annie ကို Steal မလုပ်ခဲ့ကြတာကြောင့် Annie ရဲ့အမာခံပရိသတ်တွေအတွက် တကယ်ကိုကြေကွဲခဲ့ရတဲ့ ညပါပဲ ပရိသတ်ကြီးရေ..

Source – The Voice Myanmar
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x