ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့လက်ရာမြောက်လှတဲ့ ထူးချွန်ဒီဇိုင်နာတွေထဲကတစ်ယောက်ပါ။ မျိုးမင်းစိုးကတော့ နာမည်ကျော်အနုပညာရှင်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကျက်သရေရှိတဲ့မြန်မာ့အလှကို ဖန်တီးပံ့ပိုးပေးထားပြန်ပါပြီ။
မျိုးမင်းစိုးကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့နာမည်ကြီး အကယ်ဒမီမင်းသမီးကြီးခင်သန်းနုကို မြန်မာဝတ်စုံဖန်တီးပံ့ပိုးပေးထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော့်ဖန်တီးမှူဝတ်စုံလေးနဲ့ အသက်၇၅နှစ်မြန်မာရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီခင်သန်းနုရဲ့ကိုယ်တိုင်လိမ်းဖွဲ့ထားသောအလှ Silk မျိုးမင်းစိုး” ဆိုပြီးတော့ ပုံလေးတွေနဲ့အတူ ရေးသားဖော်ပြထားတာပါ။ တစ်ချိန်က မယ်ဗမာတစ်ယောက်ဖြစ်တဲ့ ခင်သန်းနုကတော့ အလှကြီးလှသူတစ်ယောက်အဖြစ်ပြောစမှတ်ပြုခံရသူတစ်ယောက်ပါ။
အခုလည်း အသက်(၇၅)နှစ်လို့မထင်ရအောင်နုပျိုနေပြီး မြန်မာဝတ်စုံနဲ့ကျက်သရေရှိရှိလှနေတုန်းဖြစ်ပါတယ်။ အကယ်ဒမီခင်သန်းနုရဲ့ မြန်မာဝတ်စုံနဲ့ကျက်သရေရှိရှိလှနေတာကို ပရိသတ်ကိုပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : MyoMinSoe