နှစ်စဉ် အဆိုဝါသနာရှင်လူငယ်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့The Voice Myanmar ပြိုင်ပွဲကြီးကတော့ အခုဆို Season (3) Battle ပြိုင်ပွဲကိုရောက်ရှိလာခဲ့ပါပြီ ။ Blind Auditions မှာ ဒိုင်တွေ သဘောကျရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ (၂) ယောက်တွဲ ယှဉ်ပြိုင်ခဲ့တဲ့ ထဲမှာ ဒိုင်တွေ ဖြုတ်မပစ်ရက်လောက်အောင် ကောင်းလွန်းလို့ Save လုပ်လိုက်ရတဲ့ ပြိုင်ပွဲဝင်နှစ်ဦး ပေါ်ထွက်လာခဲ့ပါတယ် ။
ဒိုင်တွေ Save လိုက်တဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကတော့ Team R Zar Ni အဖွဲ့က နော်ပြည့်စုံအေးကြူ နဲ့ Team Ni Ni အဖွဲ့က ဇာနည် တို့နှစ်ယောက်ပဲဖြစ်ပါတယ် ။ Team Ni Ni အဖွဲ့က ဇာနည်ကိုတော့ ဒိုင်တစ်ယောက် ဖြစ်တဲ့ အာဇာနည်က သီချင်းအပုဒ်ခွဲတဲ့ အခါမှာ ဇာနည်က လုပ်ပြခွင့်မရခဲ့တဲ့အတွက် Fair မဖြစ်ဘူးလို့ယူဆပြီး Save ခဲ့တာဖြစ်ပြီး Team R Zar Ni အဖွဲ့က Metal သီချင်းတွေနဲ့ရှယ်ဖြုတ်ခဲ့တဲ့ နော်ပြည့်စုံအေးကြူကိုတော့ နီနီခင်ဇော်က သီချင်းပေါ်သစ္စာရှိပြီး ကြိုးစားချင်စိတ်ရှိတဲ့ သူမို့ ထပ်ပြီး ကြိုးစားစေချင်သေးတဲ့အတွက် Save လိုက်တာပဲဖြစ်ပါတယ် ။
Battle Round အတွက် အများကြီး ကြိုးစားခဲ့ကြပေမယ့် အကောင်းတွေထဲက အကောင်းဆုံးကို ရွေးချယ်ရတာဖြစ်လို့ ကံမကောင်းစွာနဲ့ ပြုတ်သွားခဲ့တဲ့ ပြိုင်ပွဲဝင်တွေအတွက် စိတ်မကောင်းဖြစ်ရသလို နောက်ထပ် တဆင့်ကို ထပ်ပြီး တက်လှမ်းခွင့်ရဖို့အတွက် Save ခံလိုက်ရတဲ့ ပြိုင်ပွဲဝင်တွေအတွက် လည်း ပရိသတ်တွေက ပြိုင်ပွဲဝင်တွေနဲ့ထပ်တူ ထပ်မျှ ဝမ်းသာနေလိမ့်မယ်ထင်ပါတယ်နော် ။
Source : The Voice Myanmar
Emily (Cele Gabar)