Battle Round ရိုက်ကူးရေးအတွက် နောက်ဆုံးအတွဲအနေနဲ့ ဆိုခဲ့ရတာကြောင့် Save ခွင့်မကျန်တော့ကြောင်း ပြောလာတဲ့ ရဲခန့်

Posted on

The Voice Myanmar Season-3 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ရဲခန့်ကတော့ မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ ပထမဆုံး Battle Round မှာပဲ ပြိုင်ပွဲကို နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ သူကတော့ Blind Auditon အဆင့်မှာ “ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းနဲ့ ဒိုင်လေးယောက်စလုံးကို လှည့်ကြည့်ခြင်းရရှိခဲ့သလို အားပေးသူအမာခံပရိသတ်အများအပြားရရှိခဲ့သူပါ။ မနေ့ညက Battle Round မှာတော့ နော်ဇာလီ နဲ့ ယှဉ်ပြိုင်သီဆိုခဲ့ရတာဖြစ်ပြီး နှစ်ယောက်စလုံးအမှားကင်းအောင် သီဆိုနိုင်ခဲ့ကြပေမယ့် တစ်ယောက်ကိုသာရွေးချယ်ရမှာမို့ အာဇာနည်ကတော့ နော်ဇာလီကို နောက်တစ်ဆင့်တက်လှမ်းဖို့ ရွေးချယ်ခဲ့ပါတယ်။

အခုလို ပရိသတ်တွေမျှော်လင့်ထားသလို ဖြစ်မလာတာနဲ့ပတ်သက်ပြီး ရဲခန့်ကတော့ “ဘာပြောရမှန်း မသိတော့ပါဘူးဗျာ….. အားပေးခဲ့တဲ့ပရိသတ်တစ်ယောက်ချင်းစီကို ဒီနေရာကနေ ကျေးဇူးတင်စကားပြောရင်း နှုတ်ဆက်ပါတယ်ဗျာ…. ကျွန်တော်တို့ဒီbattle မှာ ပြိုင်ဆိုင်တယ်ဆိုတာထက် အကောင်းဆုံးဖျော်ဖြေမယ်ဆိုပြီးပဲ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်… ကျွန်တော်တို့အသင်းက နောက်ဆုံးပြိုင်ရတဲ့အသင်းလည်းဖြစ်ပြီး ကျွန်တော်တို့အတွဲက နောက်ဆုံးမှဆိုခဲ့ရတာပါ… ကျွန်တော်တို့အလှည့်မှာ မျှော်လင့်ချက်လေးဖြစ်တဲ့ပြန်saveခွင့်က မရှိခဲ့ပါဘူး…. ဒါပေမယ့် ကျွန်တော်တို့ဘယ်သူပဲပါပါ ဘယ်သူပဲနေခဲ့နေခဲ့ရ အကောင်းဆုံးကြိုးစားဖျော်ဖြေ ကြမယ်ဆိုပြီးစိတ်နဲ့ သီ်ဆိုခဲ့ပါတယ်… ကိုအာကြီးရဲ့သုံးသပ်ပြီး ရွေးချယ်လိုက်တာကိုလည်း မနော်ဇာလီအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်… ကျွန်တော့်မှာလိုအပ်သေးတယ် မပြည့်စုံသေးလို့ထားခဲ့တယ်လို့ပဲ ယူဆပါတယ်” ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ဒါ့အပြင် ရဲခန့်ကတော့ အားပေးနေတဲ့ပရိသတ်တွေကို တကယ်စိတ်မကောင်းဖြစ်ပြီး အားနာမိတဲ့အတွက် တောင်းပန်စကားဆိုခဲ့တဲ့အပြင် သူက ဘာမှမဟုတ်ဘဲ ပြုတ်သွားခဲ့ပြီဆိုတော့ သူ့အတွက်ထောင်ထားတဲ့ Group တွေကိုလည်း ဖျက်လိုက်ဖို့တောင်းဆိုခဲ့ပြီး နောက်တစ်ဆင့်တက်လှမ်းသွားနိုင်တဲ့ ညီအစ်ကိုမောင်နှမတွေကို အားပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ပရိသတ်ကြီးရေ.. Battle Round အတွက် ရိုက်ကူးရေးလုပ်ချိန်မှာ ရဲခန့် နဲ့ နော်ဇာလီတို့အတွဲက နောက်ဆုံးမှ ယှဉ်ပြိုင်ခဲ့ရတဲ့အတွဲမို့ Save ခွင့် မကျန်တော့တဲ့အချိန်ပါတဲ့။ မဟုတ်ရင်တောင် ဒိုင်တစ်ယောက်ယောက်ကတော့ ရဲခန့်လို အရည်အချင်းရှိတဲ့လူကို Save လုပ်ပြီး နောက်တဆင့်တက်လှမ်းသွားခိုင်းမှာ အသေအချာပါပဲနော်။

Source – Ye Khant
Rainbow- Cele Gabar