ပြီးဆုံးခဲ့တဲ့ အတိတ်တွေကို အစမဖော်ကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မြတ်သူသူ

Posted on

ပရိသတ်ကြီးရေ .. ပျားရည်အိုင်ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပြီး လတ်တလော ထုတ်လွှင့်ပြသနေတဲ့ တို့မမနဲ့တို့ ဇာတ်လမ်းတွဲမှာ ပါဝင်နေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး မြတ်သူသူက သူမရဲ့အတိတ်တွေကို ပြန်လည်မတူးဖော်ကြဖို့ မေတ္တာရပ်ခံလာခဲ့ပါတယ် ။ သူမ ပြန်လည်အစမဖော်စေချင်တဲ့အတိတ်ကတော့ သူမရဲ့ချစ်သူဟောင်းနဲ့ ပတ်သက်တဲ့ ပြီးခဲ့တဲ့အတိတ်ကိုပါ ။

သူမရဲ့ချစ်သူနဲ့ ချစ်သူသက်တမ်း ၆ နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာ လမ်းခွဲခဲ့တာဖြစ်ပြီး သူမတို့နှစ်ယောက် တရားဝင်လမ်းခွဲ ပြတ်စဲလိုက်ပြီ ဖြစ်ကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပရိသတ်တွေအားလုံးကို အသိပေးခဲ့ပြီးသားပါ ။ ဒါပေမယ့် လတ်တလောမှာတော့ သူမရဲ့ချစ်သူဟောင်းနဲ့ အရင်က ဖြေဆိုခဲ့တဲ့ အင်တာဗျူးတွေကို လာပို့ပြီး သူမရဲ့အတိတ်တွေကို အစဖော်နေကြတဲ့အတွက် အခုလို မေတ္တာရပ်ခံခဲ့တာပဲဖြစ်ပါတယ် ။

ပြီးခဲ့တဲ့အတိတ်ကအင်တာဗျူးတွေကိုလာပို့ နေတဲ့သူတွေကိုလည်း ” ဒါက ပြီးဆုံးခဲ့တဲ့အတိတ်ပါ ဒိတ်သေချာကြည့်စေချင်ပါတယ် အခုအချိန် အေးဆေးနေချင်ပါတယ် အဲ့ဒါတွေ ထပ်လာမပို့ပါနဲ့ လာပြီးအစမဖော်ပြပါနဲ့တော့လို့ သူမရဲ့မိုင်ဒေးကနေတဆင့် ရေးသားပြီး မေတ္တာရပ်ခံခဲ့တာပါ ။ မြတ်သူကိုချစ်တဲ့ ပရိသတ်ကြီးလည်း သူမရဲ့အတိတ်တွေကို မေ့ပြီး လက်ရှိ မြတ်သူသူဆိုတဲ့ မင်းသမီးလေးကိုပဲ ဆက်လက်အားပေးလိုက်ကြရအောင်နော် ..။

Source : Myat Thu Thu
Emily (Cele Gabar)