သံဃာတော်တွေ ဆွမ်းဟင်းမခက်ခဲစေဖို့ အသားငါး အချိန်တစ်ရာကျော်လှူဒါန်းပေးခဲ့တဲ့ လှအဉ္ဇလီတင့်

Posted on

တချိန်က ပရိသတ်အချစ်ကိုများစွာသိမ်းပိုက်ခဲ့တဲ့ မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ အခုအချိန်မှာ နေ့စဉ်ဘဝကို ကုသိုလ်ကောင်းမှုတွေနဲ့ ယှဉ်တွဲရင်း ဖြတ်သန်းနေသူတစ်ယောက်ပါ။ ဘာသာ၊သာသနာရေးဘက်ကို အလေးထားသူတစ်ယောက်မို့ လူမှုကွန်ရက်ကိုလည်း မိတ်ဆွေတွေအတွက် ကုသိုလ်ရေးမျှဝေရာနေရာတစ်ခုအဖြစ်သာ သဘောထားသလို နေ့စဉ်တိုင်းလည်း မြတ်စွာဘုရားရှင်တွေအတွက် ကပ်လှူတဲ့ သူ့ရဲ့ဆွမ်း၊ကွမ်းအလှူလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။

လှအဉ္ဇလီတင့်ကတော့ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ သာသနာ့တာဝန်ထမ်းဆောင်နေကြတဲ့ သံဃာတော်၊သီလရှင်တွေရဲ့ ဆွမ်းကိစ္စ မခက်ခဲအောင် ဖြည့်ဆည်းပေးကြဖို့ မိတ်ဆွေအပေါင်းအသင်းတွေကို တိုက်တွန်းထားသလို သူကိုယ်တိုင်လည်း မကြာသေးခင်ကမှ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ အခြောက်အခြမ်းစားသောက်ကုန်တွေမဟုတ်ဘဲ ပံ့သကူသား ငါးနဲ့ပုဇွန် စုစုပေါင်း အချိန်တစ်ရာကျော် လှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။

ရွေတိဂုံမှကျောင်း (၆) ကျောင်း၊ အိမ်အနီးအနားမှာရှိတဲ့ ကျောင်း(၄) ကျောင်း၊ ခြောက်ထပ်ကြီးဝင်းအတွင်းမှာရှိတဲ့ကျောင်းပေါင်း(၄၆) ကျောင်းစာအတွက် အာဟာရဒါနအလှူအနေနဲ့ ငါး(၆၆) ပိဿာ၊ ပုဇွန်(၄၂.၄၀) ပိဿာလှူဒါန်းပေးခဲ့တဲ့အပြင် ကာဘော်လစ်ဆပ်ပြာအတုံး(၆၀၀) Ready ငါးသေတ္တာဘူးများကို လှူဒါန်းပေးခဲ့ပါတယ်။ လှအဉ္ဇလီတင့်ကတော့ သူ့ရဲ့သံဃာဂုဏ်ကိုရည်မှန်းပြီး ပြုလုပ်ခဲ့တဲ့အလှူလေးကို မျှဝေခဲ့ပြီး ဒီအလှူလေးကို မြင်သူတိုင်း ကုသိုလ်ထပ်တူထပ်မျှရကြပါစေ ဆိုပြီးတော့လည်း ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။


Source – Hla Inzali Tint
Rainbow- Cele Gabar