ဓာတ်ပုံထဲက မိန်းမဝတ်ထားတဲ့ယောဂီထဘီက သူကိုယ်တိုင်ချုပ်ပေးထားတာပါလို့ အကြွားပိုလိုက်တဲ့ ကိုပေါက်

Posted on

ကိုပေါက်ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ အကြမ်းအရမ်း၊ ဟာသမျိုးစုံနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူဖြစ်ပြီး အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ လတ်တလောမှာလည်း ကိုပေါက်တစ်ယောက်ကတော့ ကိုဗစ်ကာလမှာ ပရိသတ်တွေရဲ့ဘဝအမောတွေဖြေဖျောက်ဖို့အတွက် Tik Tok လေးတွေဆော့ရင်း အောင်မြင်မှုရရှိနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ကိုပေါက်ကတော့ အနုပညာအလုပ်မှာတင် မျိုးစုံတတ်ကျွမ်းနေသူတစ်ယောက်မကဘဲ အချက်အပြုတ်၊ ပန်းချီ၊ အချုပ်အလုပ်တွေပါ ပိုင်နိုင်သူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ရက်ပိုင်းက မိန်းမဖြစ်သူအတွက် ယောဂီထဘီချုပ်ပေးနေတဲ့ ဗွီဒီယိုလေးလေးတင်ခဲ့ပြီး ဒီနေ့မှာတော့ မိသားစုလိုက် ယောဂီဓာတ်ပုံလေးနဲ့အတူ “မဂ်လာပါ ခင်ဗျာ…မြန်မာနိုင်ငံသူ နိုင်ငံသားများ ကမ္ဘာသူ ကမ္ဘာသားများအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးအလုပ်အကိုင်များ ကြီးပွားတိုးတက်ကြပါစေကြောင်း ကျွန်တော်တို့မိသားစုကဆုတောင်းမေတ္တာပို့သပါသည်။ မှတ်ချက်# မိန်းမဝတ်တဲ့ ယောဂီထဘီလေးက ကျွန်တော်ကိုယ်တိုင်ချုပ်ပေးခဲ့သည်” ဆိုပြီး အကြွားပိုခဲ့ပါတယ် ပရိသတ်ကြီးရေ…

ကိုပေါက်ကတော့ ချစ်တတ်လွန်းတဲ့အပြင် စွယ်စုံရသူတစ်ယောက်မို့ ဇနီးနဲ့သားလေးနှစ်ယောက်အတွက် တကယ့်ကို ခင်ပွန်းကောင်း၊ဖခင်ကောင်းတစ်ယောက်လို့ ဆိုရမှာပါ။ ချစ်ဇနီးအတွက် သူကိုယ်တိုင်ချုပ်ပေးထားတဲ့ထဘီလေးနဲ့ ရိုက်ကူးထားတဲ့ ကိုပေါက်တို့မိသားစုဓာတ်ပုံလေးကတော့ တကယ်ကိုအချစ်တွေနဲ့ ထုံမွှမ်းထားတဲ့မိသားစုလေးတွေလို့ ခံစားမိစေမှာအမှန်ပါပဲနော်။


Source – Aung Min Naing
Rainbow- Cele Gabar