ငိုရလွန်းလို့ ရုပ်ရှင်ရုံထဲမှာ နှလုံးရပ်ပြီးဆုံးသွားတဲ့သူတောင်ရှိဖူးတဲ့ ဒွေးနဲ့ဇာတ်ကားအမှတ်တရလေးကို မျှဝေလာတဲ့ ထက်ထက်မိုးဦး

တစ်ခေတ်တစ်ခါတုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ ကြော်ငြာဘုရင်မတစ်ပါးဖြစ်သလို အကယ်ဒမီဆုနှစ်ဆုရှင်လည်းဖြစ်တဲ့ ထက်ထက်ကတော့ လတ်တလောကာလမှာ ဟိုးတစ်ချိန်တုန်းက အမှတ်တရကြော်ငြာလေးတွေကို မျှဝေပေးနေသလို ဒီတစ်ခေါက်မှာတော့ ဒွေးနဲ့ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားအကြောင်းကို ပြောပြလာပါတယ်

ဒီဇာတ်ကားလေးကတော့ ကိုသားကြီးနဲ့ထက်ထက်တို့ရဲ့အအောင်မြင်ဆုံးဇာတ်ကားတစ်ခုဖြစ်သလို ဝမ်းနည်းစရာ အမှတ်တရတွေလည်းရှိခဲ့တဲ့ ဇာတ်ကားပါတဲ့ ပရိသတ်ကြီးရေ….အကိုဒွေးနဲ့ ရိုက်ခဲ့တဲ့ နှစ်ယောက်တစ်အိမ်မက် ဆိုတဲ့ ရုပ်ရှင်ကို မှတ်မိကြဦးမလားတော့ မသိဘူး။ ကြည့်ဖူးသူတွေအားလုံးလည်း အမှတ်တရတွေရှိမယ်လို့ ထက်လည်းထင်ပါတယ် ဆိုပြီးရေးသားခဲ့ပါတယ်။အောင်မြင်မှုနဲ့အတူ စိတ်မကောင်းစရာသတင်းတွေလဲ ဖြစ်ခဲ့ရပါတယ်။ဒီဇာတ်ကားကတော့ တကယ့်ကို အနုပညာကိုရင်ထဲနှလုံးထဲထိ ခံစားပြီး သရုပ်ဆောင်လေ့ရှိတဲ့ ကိုသားကြီးရဲ့ ပရိသတ်တွေအတွက်လည်း တကယ့်ကိုမေ့လို့ရမှာ မဟုတ်တဲ့ ဇာတ်ကားတစ်ခုပါ။

ဒီဇာတ်ကားလေးနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာအကြောင်းတွေကတော့ ရိုက်ကူးရေးလုပ်နေတုန်းကလည်း ရိုက်နေတုန်း ငိုခဲ့ရသလို ရုံပေါ်ရောက်တော့လည်း ပရိသတ်တွေအကုန်လုံးငိုခဲ့ရတဲ့အထိ တစ်နိုင်ငံလုံးပေါက်ခဲ့တဲ့ဇာတ်ကားကြီးမို့ အရမ်းငိုရလွန်းလို့ ရုပ်ရှင်ရုံမှာတင် နှလုံးရောဂါနဲ့ဆုံးသွားသူတွေ ရှိခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ… ထက်ထက်ကတော့ ခုချိန်မှာတော့ အားလုံးကို မေတ္တာပို့ပေးနေပါတယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပြီး တစ်ချိန်တုန်းက ကိုသားကြီးနဲ့အတူ အောင်မြင်မှုရော ဝမ်းနည်းမှုရော အမှတ်တရတွေများစွာ ရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်


Source – Htet Htet Moe Oo
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x