Covid ရောဂါကုသမှုခံယူနေတဲ့ ဓမ္မဝါဒီ သီလရှင်ကျောင်းမှ သီလရှင်ဆရာလေးများအတွက် လိုအပ်တာတွေလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

မကြာသေးမီက ယဉ်ကျေးမှုဦးစီးဌာန၊အနုပညာအထက်တန်းကျောင်း(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ချင်းချောင်းနန်းတော်ဝင်းအတွင်းရှိဝန်ထမ်းအိမ်ရာနေဝန်ထမ်း(၆၁)ဦးအတွက် အစားသောက်နဲ့ ငွေကြေးတွေ လှူဒါန်းခဲ့တဲ့ အကယ်ဒမီခန့်စည်သူကတော့ ဒီနေ့အောက်တိုဘာလ (၇) ရက်နေ့မှာလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၆)စစ်မြေပြင်ဆေးတပ်ရင်း Covid-19 ကုသရေးဌာန(မှော်ဘီ) တွင် ဆေးကုသမှုခံယူနေသော ဓမ္မဝါဒီ သီလရှင်ကျောင်းမှ သီလရှင်ဆရာလေးများ အတွက်လိုအပ်တာတွေကို ထပ်မံလှူဒါန်းလိုက်ပြန်ပါပြီ ။

သီလရှင် အပါး(၅၀) အတွက် လင်းသာသူဆိုင်မှနေ့ဆွမ်း၊ သွားတိုက်ဆေး (၅၀) ၊ သွားပွတ်တံ (၅၀) ၊ မွှေးဆပ်ပြာခဲ (၅၀) ၊ ဆပ်ပြာမှုန့်အထုပ် (၅၀) ၊ Nice Food မှ မုန့်မျိုးစုံပါဂျပ်ဖာ (၅၀) ၊ ဆင်ဖြူတော်ခြံကြက် ဥအလုံး (၅၀၀) ကိုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်နဲ့ အကျိုးတော်ဆောင် ဒုတိယဗိုလ်မှူးကြီး သက်နောင်ထံ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ အခုလို ရောဂါတွေကြောင့် အပြင်မထွက်ရတဲ့ အချိန်မှာ ခက်ခက်ခဲခဲ လှူဒါန်းပေးခဲ့တဲ့ အလှူရှင် တွေနဲ့ မေတ္တသင်္ဂဟ အဖွဲ့ဝင်တွေအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပါသေးတယ် ။

ကိုခန့်က ယခုလို သူ့ရဲ့လှူဒါန်းမှုကြောင့် စစ်မြေပြင်ဆေးတပ်ရင်းအသီးသီးမှ အရာရှိ၊စစ်သည်များ၊အလှူရှင်များနဲ့ ရောဂါဝေဒနာခံစားနေရတဲ့ လူနာများ ကျန်းမာ၊ချမ်းသာ လိုရာဆန္ဒများပြည့်ဝကြစေဖို့ ဆုတောင်းမေတ္တာတွေပို့သခဲ့ပါသေးတယ် ။ (၇) ရက်သားသမီးအတွက် ရည်စူးပြီး ပြုလုပ်တဲ့ ကိုခန့်ရဲ့မွန်မြတ်တဲ့အလှူလေးကို Cele Gabar ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်တွေကို ပြန်လည်မျှေ၀ ပေးလိုက်ပါတယ်နော် ။

Source : Khant Si thu,Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x