မေမီကိုကိုကတော့ ကျရာဇာတ်ရုပ်ကိုလိုက်ဖက်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့မင်းသမီးတစ်လက်ပါ။ ဒါကြောင့်လည်း ပျားရည်အိုင်ဇာတ်လမ်းတွဲမှာ မြိုင် ဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်သရုပ်ဆောင်နိုင်တာကြောင့် Star Award ဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားနိုင်တာပါ။အခုလည်း (၁၉၈၀) ခုနှစ်ပတ်ဝန်းကျင်ကိုပြန်လည်ပုံဖော်ထားတဲ့ ဂျီဟောသူဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ပါဝင်ထားပြန်ပါတယ်။
ဒီဇာတ်လမ်းတွဲကတော့ စာရေးဆရာမကြီး မစန္ဒာရဲ့နာမည်ကြီးစာအုပ်တစ်အုပ်ကို ပြန်လည်ပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းမှာတော့ မေမီကိုကိုဟာ စိတ်ရင်းစေတနာ ကောင်းပြီး မာနကြီးတဲ့ မြို့ပြမေဂျာကျောင်းသူတစ်ယောက်ဖြစ်တဲ့ ညိုထွေးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။ (၁၉၈၀) ခုနှစ်ကပုံစံအတိုင်း ပြန်လည်ဖန်တီးထားတဲ့ဒီဇာတ်ကားမှာ သရုပ်ဆောင်တိုင်ဟာကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
မေမီကိုကိုရဲ့သရုပ်ဆောင်ချက်တွေကိုတော့ စာရေးဆရာမကြီးမစန္ဒာက ညိုထွေးဖြစ်ခဲ့တယ်လို့လည်း မှတ်ချက်ပေးထားတာပါ။ ပရိသတ်တွေကလည်း မေမီကိုကိုဆိုတာပျောက်ပြီး ဇာတ်ရုပ်ကိုတစ်သားတည်းဖြစ်အောင်သရုပ်ဆောင်နိုင်တယ်ဆိုပြီး ချီးကျူးနေကြတာပါ။ မေမီကိုကိုကတော့ တကယ့်ကိုအရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်းတစ်လက်ပါပဲနော်…
Source : MayMiKoKo,CeleGabar