ခိုင်နှင်းဝေရင်သွေးလေးများဂေဟာရဲ့ ပဲ့ကိုင်ရှင် မင်းသမီးခိုင်နှင်းဝေကတော့ ဒီနေ့မှာ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့လက သူမွေးစားခဲ့တဲ့ HIV ပိုးကူးစက်ခံထားရတဲ့သမီးလေး ဆုံးပါးသွားတဲ့သတင်းပဲ ဖြစ်ပါတယ်။
ဒီသမီးလေးရဲ့ အဖေ၊အမေနှစ်ဦးစလုံးကလည်း HIV ပိုးရှိကြသလို မိခင်ဖြစ်သူဆုံးပါးပြီးနောက်မှာ ခိုင်နှင်းဝေကတော့ မိခင်ရဲ့ဆန္ဒအတိုင်း သွားရောက်ခေါ်ယူမွေးစားခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာ သမီးလေးက HIV ရောဂါပိုးရှိရုံတင်မကပဲ မွေးရာပါတီဘီရောဂါကြောင့် မွေးစားပြီး ရက်ပိုင်းအတွင်းမှာပဲ အသက်ရှုမဝဖြစ်ကာ အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။ သမီးလေးမြန်မြန်ပြန်လည်ကျန်းမာလာစေဖို့ ပရိသတ်တွေလည်း ဆုတောင်းမေတ္တာပို့ပေးခဲ့ကြပေမယ့် သမီးလေးကတော့ မနေ့ကည (၁၁) နာရီ (၂၇) မိနစ်မှာပဲ ရန်ကင်းကလေးဆေးရုံကြီးမှာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ သမီးလေးအတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရသလို ဒီနေ့မှာတော့ သမီလေးအတွက်ရည်စူးပြီး သက်ပျောက်ဆွမ်းကပ်ကာ ရေစက်ချအမျှပေးဝေခဲ့တဲ့အပြင် သမီးလေးကောင်းရာမွန်ရာ ရောက်ရှိဖို့နဲ့ နောင်သံသရာမှာပြန်တွေ့ခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ မကြုံရပါစေနဲ့ ဆိုပြီးတော့လည်း ဆုတောင်းစကားဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ.. မွေးကတည်းက အဖြစ်ဆိုးတွေဆက်တိုက်ကြုံခဲ့ရတဲ့သမီးလေး ကောင်းရာမွန်ရာရောက်စေဖို့ ပရိသတ်ကြီးလည်း ဆုတောင်းပေးခဲ့ပါဦးနော်။
Source – Khine Hnin Wai
Rainbow- Cele Gabar