Covid-19 အတွက် အင်းယားစင်တာမှာတာဝန်ထမ်းဆောင်မယ့် ဆရာဝန်ကြီးတွေကို သွားရောက်အားပေးစကားပြောခဲ့တဲ့ အာဇာနည်

Posted on

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရဲ့ လမ်းညွှန်မှုများနဲ့ အညီ Covid-19 ရောဂါကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း(၇၀၀၀) နဲ့ ရွှေသံလွင်ကုမ္ပဏီမှငွေကျပ်သိန်း(၃၀၀၀) စုစုပေါင်းကျပ်သိန်းတစ်သောင်း ကနဦးမတည်လှူဒါန်းပြီး အင်းယားစင်တာကို Yangon Convention Center မှာ တည်ဆောက်ခဲ့ပါတယ် ။

 

အင်းယားစင်တာမှာ တာဝန်ထမ်းဆောင်မယ့် ဆရာဝန်များ၊ သူနာပြုများနဲ့ စေတနာ့ဝန်ထမ်းများအတွက်လည်း သီးသန့်အဆောက်အဦများ တစ်ပါတည်းပါဝင်ပြီး (၂၄)နာရီအခမဲ့ Food Court ထားရှိပေးသွားမှာဖြစ်ပါတယ် ။ ဒီနေ့မှာတော့ အဆိုတော် Rဇာနည်က အင်းယားစင်တာမှာ တာဝန်ထမ်းဆောင်ကြမယ့် ဆရာဝန်ကြီးများအား နှုတ်ဆက်ကျေးဇူးတင် စကားပြောခဲ့ပြီး အင်းယားစင်တာသို့ ကိုယ်တိုင်လာရောက်ပြီး အားပေးခဲ့တယ်လို့သိရပါတယ် ။

ပရိသတ်တွေကလည်း မှန်ကန်တည်ကြည်မှုချစ်ခင်ခံရမှု ထိုက်တန်သောလူလတ်ပိုင်း စေတနာ့ဝန်ထမ်းများ အားလုံး ကို ကျေးဇူးတင်ရှိကြောင်းမှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ကျန်းမာရေးဝန်ထမ်းတွေကလည်း သူတို့ကိုအခုလို လာရောက်အားပေးစကားပြောခဲ့တဲ့ အဆိုတော် အာဇာနည်ကို အထူးကျေးဇူးတင်ရှိကြောင်းတွေ ရေးသားထားကြတာတွေ့ရပါတယ် ။

Source : Innya Center
Emily (Cele Gabar)