မွေးနေ့ရက်လေးက နယူးယောက်မြို့မှာရှိတဲ့ အိမ်ယာမဲ့တွေကို ရှာဖွေလှူဒါန်းရင်း ဖြတ်သန်းခဲ့တဲ့ ဥက္ကာမင်းမောင်

Posted on

ပရိသတ်ရဲ့အချစ်တော်မင်းသားချောဥက္ကာမင်းမောင်ကတော့ အနုပညာအလုပ်တွေရပ်နားပြီး နယူးယောက်မြို့မှာ နေထိုင်နေသူတစ်ယောက်ပါ။ သူကတော့ လွန်ခဲ့တဲ့လကပဲ အသက်(၃၅) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့လေးကိုတော့ အိမ်ယာမဲ့(၃၅) ယောက်ကိုလှူဒါန်းပေးရင်း ဖြတ်သန်းခဲ့ပြီး ဒီနေ့မှာတော့ အလှူဗွီဒီယိုလေးကို ပရိသတ်ကြီးလည်း ကြည်နူးသာဓုခေါ်နိုင်ဖို့ မျှဝေဖော်ပြခဲ့ပါတယ်။

ဒီဗွီဒီယိုလေးမှာတော့ Covid ကာလ နယူးယောက်မြို့ရဲ့ အနေအထားကိုပြထားတဲ့အပြင် နာရီပေါင်းများစွာ တစ်လမ်းဝင်တစ်လမ်းထွက် အိမ်ယာမဲ့တွေကို ခြေတိုအောင်ရှာဖွေပြီး လိုက်လံလှူဒါန်းပေးခဲ့တာကို တွေ့ရမှာပါ။ နောင်တစ်ချိန်အသက်ကြီးတွေကြီးလာလို့ ပြန်တွေးတိုင်းလည်း ငါ(၃၅) နှစ်ပြည့်တုန်းက ဒီလိုလေးလှူခဲ့တယ်ဆိုပြီး Video လေးပြန်ကြည့်ပြီး ထာဝရအမှတ်တရတစ်ခုအဖြစ်ရှိနေမှာပါ.. ရယ်စရာလေးတွေရော ကြည်နူးစရာလေးတွေရော ခံစားရတဲ့နေ့ပါပဲ ဆိုပြီးတော့ မွေးနေ့အလှူလေးလုပ်ပြီး ရခဲ့တဲ့ ကြည်နူးပီတိလေးကို မျှဝေခဲ့ပါတယ်။

လူဖြစ်လာတဲ့ဘဝမှာ လူသားဆန်ချင်တဲ့ ဥက္ကာမင်းမောင်ကတော့ နောင်တစ်ချိန်မှာ ဒီထက်ပိုပြီးလည်း လှူဒါန်းနိုင်တဲ့အနေအထားရောက်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ဗွီဒီယိုလေးမှာ ပြောကြားခဲ့ပါတယ်။ အိမ်ယာမဲ့တွေကို လှူဒါန်းပေးရင်း သူတို့ရဲ့ပျော်သွားတဲ့မျက်နှာလေးတွေ သူတို့ရဲ့ရပ်တည်မှုတွေ မွေးနေ့အလှူလေး အထမြောက်ဖို့ အချိန်များစွာ ပင်ပန်းခံကြိုးစားခဲ့တဲ့ မွေးနေ့ရှင်ဥက္ကာမင်းမောင်ရဲ့အားထုတ်ကြိုးပမ်းမှုတွေ အားလုံးကို ဒီဗွီဒီယိုလေးထဲမှာ တွေ့မြင်ရမှာမို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Okka Min Maung
Rainbow- Cele Gabar