ပရိသတ်ရဲ့အချစ်တော် အဆိုတော်ပိုပိုကတော့ ဂီတလောကမှာအောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်သလို တက်သစ်စအဆိုတော်တွေကိုလည်း လက်တွဲခေါ်ယူလေ့ရှိသူတစ်ယောက်ပါ။ စိတ်ကောင်းစေတနာအပြည့်နဲ့ ဘဝကိုရပ်တည်ဖို့ကြိုးစားနေသလို ဘာသာ၊သာသနာရေး၊ကုသိုလ်ရေးဘက်မှာလည်း အားစိုက်ထုတ်သူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။
လတ်တလောကိုဗစ် Stay Home ကာလမှာတော့ ကပ်ဆိုးကြီးကိုကျော်လွှားဖို့ ရိသတ်ကြီးနဲ့အတူတူ အဓိဌာန်တွေပြုလုပ်နေသလို အဆင်ပြေရင်ပြေသလိုလည်း အလှူလေးတွေပြုလုပ်နေပါတယ်။ ဒီနေ့မှာတော့ ကိုယ်တိုင်အပင်ပန်းခံပြီး သာသနာ့ဝန်ထမ်းတွေအတွက် ဆွမ်းကပ်ခဲ့တဲ့အလှူလေးကို ကြည်နူးပီတိနဲ့ မျှဝေလာပါတယ်။ သံဃာတော်၊သီလရှင်နဲ့ ယောဂီအပါး(၁၀၀) စာအတွက် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ပြည်ကြီးငါးဟင်း၊ ငါးခြောက်ဖုတ်နဲ့ ချဉ်ပေါင်ကြော်တို့ကို တပည့်မလေးတစ်ယောက်နဲ့အတူ တစ်နေကုန်ချက်ပြုတ်ပြီး လှူဒါန်းပေးခဲ့တဲ့အပြင် အခြားစားသောက်ကုန်တွေကိုပါ လှူဒါန်းပေးခဲ့ပါတယ်။
ဒီအလှူလေးကတော့ ပိုပိုရဲ့ သီချင်း Ringtune ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေကြောင့် ရရှိလာတဲ့အနုပညာကြေးတွေကို ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ပိုပိုကတော့ အလှူတွေလုပ်နေရရင် ပျော်နေတာပဲ ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေခဲ့ပါတယ်။ ပရိသတ်ကြီးရေ အခုလို အလုပ်အကိုင်မရှိတဲ့အချိန်မှာတောင် ရထားတဲ့အနုပညာကြေးတွေနဲ့ ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ် လှူဒါန်းပေးခဲ့တဲ့ ပိုပိုရဲ့မွန်မြတ်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။
Source – Po Po
Rainbow- Cele Gabar