အချစ်သီချင်းကောင်းလေးကို Music Video အနေနဲ့ထွက်ရှိလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted on

မြန်မာနိုင်ငံမှာ ပရိသတ်အင်အားတောင့်တင်းလွန်းတဲ့ အနုပညာရှင်တွေထဲမှာတော့ စိုင်းစိုင်းလည်းအပါအဝင်ပါ။ စိုင်းစိုင်းကတော့ ဆန်းသစ်တဲ့သီချင်းကောင်းတွေကို ပရိသတ်တွေကို ဖန်တီးပေးလေ့ရှိသူပါ။ အခုလည်း ပရိသတ်ရင်းနှီးပြီးသားသီချင်းတစ်ပုဒ်ကို Music Video အနေနဲ့ ထွက်ရှိလာခဲ့ပါတယ်။


သီချင်းကတော့ “Sai Sai is Sai Sai” အယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ လိမ်စမ်းညာစမ်း သီချင်းဖြစ်ပြီးတော့ လိမ်ညာနေတဲ့ချစ်သူကြောင့် ခံစားရတဲ့သူတစ်ယောက်ကို ပုံဖော်ရိုက်ကူးထားတာပါ။ဒီသီချင်းကလည်း ပရိသတ်တွေကြိုက်နှစ်သက်မဲ့ ပုံစံမျိုးလေးလည်း ဖြစ်ပါတယ်။ ဒီသီချင်းလေးမှာတော့ မောင်မောင်ပြည့်စုံက Featuring ဆိုပေးထားတာဖြစ်ပြီး သီရိကျော်ကတော့ စိုင်းစိုင်းနဲ့တွဲဖက်ပြီးတော့ သရုပ်ဆောင်ပေးထားတာပါ။


ဒီသီချင်းထဲက “လိမ်စမ်းညာစမ်းနုလုံးသားကို အရည်ပျော်သွားအောင်လို့ နင်မရှိရင်မဖြစ်တဲ့ဘဝမို့ အနိုင်ယူလိုက်ပါဦး” စတဲ့စာသားတွေကတော့ ချစ်သူရဲ့လိမ်ညာမှုတွေကိုခံနေရပြီး လက်မလွှတ်နိုင်တဲ့သူတွေရဲ့ခံစားချက်နဲ့ကိုက်ညီနေမှာပါ။ စိုင်းစိုင်းရဲ့သီချင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Source : SaiSaiKhamLeng