မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ နာဂတိုင်းရင်းသားလေးတန်ခွန်ကျော်ကတော့ အခုဆိုရင် အားပေးကြမ်းတဲ့ပရိသတ်တွေနဲ့အတူ အလှူဒါနစုပေါင်းပြုလုပ်ခဲ့တာ ဆဋ္ဌမအကြိမ်မြောက်ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့အပတ်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ အာဟာရဒါန သွားရောက်လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာမှာ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။
မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာမှာရှိတဲ့ လူမှုစောင့်ရှောက်ရေးဂေဟာမှာ ပန်ကာ၊မီးအိမ်၊ တံမြက်စည်း ၊ဂေါ်ပြားအရှည်၊ ယင်ဖျန်းဆေးဘူး၊ Hand Gel၊ သနပ်ခါးဘူး၊ အုန်းဆီ၊ မုန့်၊အအေး တို့အပါအဝင် အာဟာရ(ထမင်း) တစ်နေ့လုံးစာအတွက် စုစုပေါင်း (၇)သိန်းကျော်ဖိုးသွားရောက်လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဒါ့အပြင် တန်ခွန်ကျော်ကတော့ ဂေဟာကအဘွားတစ်ယောက်ရဲ့ဖျော်ဖြေမှုကြောင့် ပျော်ခဲ့ရကြောင်းကို ” မှော်ဘီမြို့နယ်မှာ ပရဟိတသွားလုပ်တော့ သူကလေးက သီချင်းလေးနဲ့ဂုဏ်ပြုပေးရှာတယ်.. ကျေးဇူးအများကြီးတင်ပါတယ်နော့” ဆိုပြီးတော့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါသေးတယ်။
မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေ မွေးထုတ်ပေးလိုက်တဲ့ တန်ခွန်ကျော်ကတော့ အမာခံပရိသတ်တွေနဲ့အတူ အလှူအတန်းတွေပြုလုပ်ရင်း ချို့တဲ့သူတွေကိုကူညီနေတာ ဝမ်းသာစရာပါပဲ။ ပရိသတ်ကြီးရေ တန်ခွန်ကျော်ကတော့ လှူဒါန်းကြပါသောဒါနရှင်များအားလုံးနှင့်ဦးဆောင်လုပ်ကိုင်ပေးကြသူများအားလုံးကိုကျေးဇူးအထူးတင်စကားပြောခဲ့တဲ့အပြင် Tangoesများနဲ့အတူ အသက်ရှင်နေသရွေ့လှူဒါန်းသွားပါဦးမယ်တဲ့နော်။
Source – Tan Khun Kyaw
Rainbow- Cele Gabar