လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်တုန်းက အ, သုံးလုံး စာသင်ပေးဖူးတဲ့အမှတ်တရလေးကို မျှဝေလာတဲ့ တက္ကသိုလ်ဂွမ်းပုံ

Posted on

ဇာတ်ပို့ဇာတ်ရံလောကမှာ နှစ်ပေါင်းကြာရှည်စွာအောင်မြင်မှုကိုထိန်းထားနိုင်သလို လက်ရှိအချိန်ထိလည်း ရိုက်ကူးရေးတွေ၊ တီဗွီအစီအစဉ်တွေမှာ အမြဲမပြတ်ပါဝင်နေရသူကတော့ တက္ကသိုလ်ဂွမ်းပုံပါ။ ဒါ့အပြင် ဇာတ်ပို့ဇာတ်ရံတွေအတွက် မျှော်မှန်းရခက်တဲ့ အကယ်ဒမီဆုကိုလည်း ရယူနိုင်ခဲ့ပြီး တက္ကသိုလ်ဂွမ်းပုံကတော ပရိသတ်ချစ်ခြင်းမေတ္တာကို အပြည့်အဝသိမ်းပိုက်ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

တက္ကသိုလ်ဂွမ်းပုံကတော့ သူ့ရဲ့တနေ့တာအကြောင်းအရာလေးတွေကို လူမှုကွန်ရက်မှာ အမြဲမပြတ်မျှဝေပေးလေ့ရှိပြီး ဒီနေ့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ကျော်က အမှတ်တရပုံရိပ်လေးတစ်ခုကို မျှဝေလာပါတယ်။ ကာလအတော်ကြာမြင့်နေပြီဖြစ်တဲ့ အဖြူအမည်းဓာတ်ပုံလေးကိုတော့ အသိမ်းလွန်နေတာကြာပြီဖြစ်ပြီး ဒီနေ့မှပြန်ရှာတွေ့လို့ ဝမ်းသာကြည်နူးစွာနဲ့ ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာပါ။

ဒီဓာတ်ပုံလေးကတော့ လွန်ခဲ့တဲ့ (၁၉၈၄) ခုနှစ် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့၊ ဆင်ကန်ရွာမှာ တက္ကသိုလ် အ. သုံးလုံးအဖွဲ့က လွှတ်လို့ အ. သုံးလုံး သွားရောက်သင်ကြားပေးထားတဲ့ပုံလေးဖြစ်ပြီး တက္ကသိုလ်ကျောင်းသူဘဝကတည်းက ပါးဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ ဂွမ်းပုံကို မြင်တွေ့ရမှာပါ ပရိသတ်ကြီးရေ.. ပရိသတ်တွေကတော့ ဂွမ်းပုံရဲ့ဓာတ်ပုံလေးကို ချစ်စနိုးနဲ့မှတ်ချက်ပေးခဲ့ကြသလို တချိန်တုန်းက အမှတ်တရတွေကိုလည်း မေးမြန်းခဲပါတယ်။


Source – တက္ကသိုလ်ဂွမ်းပုံ
Rainbow- Cele Gabar