ပရိသတ်တွေအားလုံးသိပြီး ဖြစ်တဲ့အတိုင်း နန္ဒာလှိုင်ရဲ့ မောင်ငယ်လေး စိန်ဖြိုးလှိုင်ကတော့ ကိုယ်တိုင် Positive ဖြစ်လို့ Q ဝင်ရပြီးနောက်မှာတော့ ဒီရောဂါဆိုးကြီးကို ခံစားနေရတဲ့ Covid လူနာတွေအတွက်Volunteer တစ်ယောက် အဖြစ်သွားရောက်ကူညီဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။
စိန်ဖြိုးလှိုင်ရဲ့ မိခင်ဖြစ်သူနဲက မိသားစုကတော့ စိုးရိမ်ပူပန်နေကြပေယ့် သူ့ရဲ့စိတ်အားထက်သန်မှုကို အစ်မဖြစ်သူ နန္ဒာလှိုင်ကိုယ်တိုင်လည်း မတားနိုင်ခဲ့တဲ့အတွက် အန္တရာယ်အများဆုံးဖြစ်တဲ့ ဖောင်ကြီးကို လုပ်အားပေးအနေနဲ့သွားရောက်ဖို့ခွင့်ပြုခဲ့ကြရပါတယ် ။ ချစ်သူဖြစ်တဲ့ရီရီပွင့်ဖြူနဲ့လည်း Home Q ဝင်ပြီးမှ တွေ့ခွင့်ရခဲ့တာဖြစ်ပြီး အခုတော့ထပ်မံခွဲခွာရဦးမှာဖြစ်လို့ ရီရီ တစ်ယောက်ကတော့ စိတ်မကောင်းဖြစ်နေခဲ့ပါတယ် ပရိသတ်ကြီးရေ ..။
သူမအနေနဲ့ကတော့ ချစ်သူ စိန်ဖြိုးလှိုင်ကို လုံခြုံစိတ်ချရတဲ့ အိမ်မှာပဲ နေစေချင်ပေမယ့် သူကတော့ ဆရာဝန်တစ်ယောက် အနေနဲ့ အန္တရာယ်အများဆုံးနေရာ ဖောင်ကြီး ကို သွားမယ်ဆိုတော့လည်း သူ့ဆန္ဒကို ပါရမီဖြည့်ပေးလိုက်တာပဲကောင်းပါတယ်လေ ဆိုတဲ့ စာသားလေးကို သူမရဲ့ မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ အခုလိုအများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ လုပ်အားပေးသွားရောက်မယ့် စိန်ဖြိုးလှိုင်တစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ လူ့အသက်တွေအများကြီးကို ကယ်တင်နိုင်ပါစေလို့ Cele Gabar က ဆုမွန်ကောင်းတောင်ပေးလိုက်ပါတယ်နော် ။
Source : Yi Yi Pwint Phyu
Emily (Cele Gabar)