မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးအဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုပိုကတော့ Stay Home ကာလမှာပျင်းနေကြမယ့် ပရိသတ်ကြီးအတွက် အစီအစဉ်လေးတစ်ခုလုပ်ထားကြောင်း မျှဝေလာပါတယ်။ ပိုပိုမှ ပိုပိုဆိုတဲ့ ကိုကိုတွေ၊ မောင်မောင်တွေ၊ ပိုပိုကိုချစ်တဲ့ ပရိသတ်တွေအားလုံးအတွက် သတင်းကောင်းလေး ဆိုရင်လည်း မမှားပါဘူးနော်။
သီတင်းကျွတ်ကာလကို Stay Home ရင်းအိမ်တွင်းပုန်းနေရမယ့်ပရိသတ်ကြီးအတွက် Po Po VIP Fan Club Group လေးကိုမိတ်ဆက်ပေးခဲ့ပြီး ဘယ်မှမသွားရ ဘာမှမလုပ်ရလို့ စိတ်ဓာတ်ကျနေကြတဲ့ပရိသတ်ကြီး အားလုံးအပြုံးတွေနဲ့ဖြစ်သွားအောင် သီတင်းကျွတ်လပြည့်နေ့ည အောက်တိုဘာ(၃၁) ရက်နေ့မှာ Live Streaming At Home Concert လေးတစ်ခုပြုလုပ်ပေးသွားမှာပါ။ ပိုပိုရဲ့ သီချင်းတွေကို တစ်ဝကြီးနားထောင်ရမယ့် ဒီအစီအစဉ်လေးအတွက် Group ထဲဝင်လိုသူတွေအနေနဲ့ ၀၉၄၂၀၂၄၄၈၂၉ ဖုန်းကို KBZ Pay, CB Pay, Wave Pay နဲ့ (၃၀၀၀) ကျပ်လွှဲပေးရမှာဖြစ်ပြီး ငွေလွှဲကြောင်း Screenshot ရယ်၊ Facebook Account screenshot ရယ်ကိုပေးထားတဲ့ ဖုန်းနံပါတ်ရဲ့ Viber ကိုပို့ပေးရုံနဲ့ Po Po VIP Fan Club Group ကို Join လို့ရပြီ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ကတော့ မန်ဘာကြေးသွင်းထားသူတွေဟာ ပိုပိုနဲ့ ဖုန်းပြောခွင့်ရမယ့်အခွင့်အရေးသာမက ကံစမ်းမဲအစီအစဉ်တွေပါ ကံစမ်းခွင့်ရဦးမှာပါ။ ဖုန်းပြောခွင့်နဲ့ ကံစမ်းမဲအစီအစဉ်ကတော့ အောက်တိုဘာ(၂၅) ရက်နေ့အထိသာ အကျုံးဝင်တာမို့ မန်ဘာကြေးသုံးထောင်မြန်မြန်သွင်းပြီး ပိုပိုနဲ့အတူ ပျော်စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။
https://openhistorypathein.com/
Source – ပိုပို
Rainbow- Cele Gabar