ဝေဠုကျော်ရဲ့ပရဟိတအလုပ်တွေအတွက် သိန်း(၂၀) ကျော်လှူဒါန်းပေးခဲ့တဲ့ ရန်အောင်

ပရိသတ်ကြီးရေ အကယ်ဒမီများရှင်ရန်အောင်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ပရိသတ်ကြီးနဲ့အတူ ပရဟိတအလှူလေးတစ်ခုပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး ဒီနေ့မှာတော့ ဒီအလှူလေးအထမြောက်သွားခဲ့ပြီဖြစ်ပါတယ်။ အောက်တိုဘာ(၄) ရက်နေ့မှစတင်ကာ OK $ application နဲ့ပူးပေါင်းပြီးလုပ်မယ့်အလှူလေးမှာ သူနဲ့အတူ ပရိသတ်ကိုပါ ပါဝင်လှူဒါန်းပေးကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။

Facebook Live လွှင့်ပြီး ပရိသတ်တွေနဲ့ပျော်စရာစကားလေးတွေ ကျန်းမာရေးဗဟုသုတရစရာတွေကို မျှဝေပေးခဲ့ပြီး အိုကေဒေါ်လာလှူဒါန်းမှုအစီအစဉ်လေးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ရန်အောင်ကိုချစ်ခင်အားပေးသူပရိသတ်ကြီး ထည့်ဝင်ခဲ့တဲ့စုပေါင်းအလှူငွေ နှစ်ဆယ့်တစ်သိန်းကျော်ကို ဝေဠုကျော်ဖောင်ဒေးရှင်းမှာ လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာပါတယ်။ အခုချိန်မှာ ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်နေတဲ့ PPE ဝတ်စုံနဲ့ အခြားကာကွယ်ရေးပစ္စည်းတွေ အရေးတကြီးလိုအပ်နေတာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းမှာ လှူဒါန်းခြင်းဖြစ်ကြောင်း မျှဝေဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီအလှူလေးကိုလှူဒါန်းရခြင်းကောင်းမှုကြောင့် (၃၁) ဘုံမှာကျင်လည်ကုန်သော လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါအပေါင်း မရမရှိ ရရှိပြီး အန္တရာယ်အမျိုးမျိုးမှ လွတ်ကင်းကြပါစေ၊ ကပ်ရောဂါအမျိုးမျိုးမှ ကင်းဝေးကြပါစေ၊ ရန်သူမျိုးငါးပါးမှ ကင်းလွတ်ကျော်လွှားနိုင်ကြပါစေ ဆိုပြီးတော့လည်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ ပရိသတ်ကြီးရေ..အခုလို ကိုဗစ်ကာကွယ်ရေးအတွက် ဦးဆောင်ပြီး အလှူလေးလုပ်ပေးခဲ့တဲ့ ရန်အောင်နဲ့ သူ့ရဲ့ပရိသတ်များအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Home

Source – Yan Aung
Rainbow – Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x