မြင့်မြတ်ရဲ့ချစ်ဇနီးလေးမွေးနေ့အတွက် ဆုတောင်းပေးလိုက်တဲ့ ယုန်လေး

Posted on

ပရိသတ်ရဲ့အချစ်တော်မြင့်မြတ်နဲ့ ယုန်လေးကတော့ အမြဲတမ်းတတွဲတွဲတွေ့မြင်ရလေ့ရှိတဲ့ သူငယ်ချင်းကောင်းတွေပါ။ ယုန်လေးရဲ့ဇာတ်ကားတွေမှာလည်း တွဲဖက်ညီညီသရုပ်ဆောင်လေ့ရှိကြတဲ့ သူတို့နှစ်ဦးကတော့ တစ်ယောက်အခက်အခဲကြုံချိန်မှာလည်း တစ်ယောက်က အသင့်ရှိလေ့ရှိကြတဲ့ သူငယ်ချင်းကောင်းတွေလို့ ဆိုရမှာပါ။

ဒီနေ့အောက်တိုဘာလ (၁၆) ရက်နေ့လေးကတော့ မြင့်မြတ်ရဲ့ဇနီးဖြစ်သူ မခင်သူအောင်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ ချစ်သူငယ်ချင်းရဲ့ ဇနီးအတွက် ယုန်လေးကတော့ Happy Birthday ပါ… မြင့်မြတ်ရဲ့ချစ်လှစွာသော ကျွန်တော်တို့ရဲ့ညီမ အာလျန်.. ယခုမွေးနေ့မှစ လိုတိုင်းတပြီး ဘာလုပ်လုပ်အဆင်ပြေပါစေ ဆိုပြီး သူတို့ရဲ့ပုံလေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

မြင့်မြတ်တို့မိသားစုလေးကတော့ လူတိုင်းအားကျရတဲ့ မိသားစုလေးဖြစ်သလို အနေအေးပြီး ဘေးကနေ အကောင်းဆုံးပါရမီဖြည့်ပေးနေတဲ့ မြင့်မြတ်ရဲ့ဇနီးလေးကိုလည်း ပရိသတ်တွေက ချစ်ခင်နေရတာပါ။ လက်ရှိမှာတော့ မခင်သူအောင်က မြင့်မြတ်ရဲ့ဒုတိယမြောက်ရင်သွေးလေး ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ပြီး မကြာခင်လပိုင်းအတွင်းမှာ ဘေဘီဂျင်းကောင်လေးနောက်တစ်ယောက်ကို တွေ့မြင်ရတော့မှာပါ ပရိသတ်ကြီးရေ.. ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ချစ်ဇနီးလေးမွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။

https://openhistorypathein.com/

Source – Myint Myat, Yone Lay
Rainbow- Cele Gabar