ဖခင်ဖြစ်သူ အရိုင်းကို ပထမဆုံး ပွဲထုတ်ပြီး သူမရဲ့ဘလော့လေးကို စတင်ခဲ့တဲ့ ပျိုပျိုမေ

ပရိသတ်ကြီးရေ အားလုံးသိပြီးသားဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးအရိုင်းမှာ ပျိုပျိုမေ ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်နော် ။ လတ်တလောမှာတော့ ပျိုပျိုမေက သူမရဲ့ ကိုယ်ပိုင် Page လေးတစ်ခုဖြစ်တဲ့ ” Moments with Pinky” ဆိုတဲ့ Page လေးကနေတဆင့် အနုပညာရှင်တွေရဲ့ အမှတ်ရတွေကို ခေါ်ယူမေးမြန်းပေးသွားမယ်လို့ သိရပါတယ် ။

 

“??????? ???? ?????” ရဲ့ ဒီတစ်ပတ် Saturday အတွက် Guest ကတော့ Pinky မေမေရဲ့အမျိုးသား ဟာသလူရွှင်တော်သရုပ်ဆောင် “ဦးအရိုင်း” ပဲဖြစ်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ပျိုပျိုမေက သူမရဲ့ဖခင်ကို ပထမဆုံးပွဲဦးထုတ်ခဲ့ပါတယ် ။ သူမတို့သားအဖ အဓိကထားပြောသွားမယ့် Topic လေးက – “????????? ????????” ဆိုတဲ့ခေါင်းစဉ်လေးအောက်ကနေဖြစ်ပြီး
အရိုင်း ကိုဖြစ်ဖြစ် သူမ ကိုဖြစ်ဖြစ် သားအဖ၂ယောက်လုံးကိုဖြစ်ဖြစ် မေးချင်တာ ပြောချင်တာ သိချင်တာလေးတွေရှိရင် မေးမြန်းသွားလို့ရကြောင်းကိုလည်း ပျိုပျိုမေက သူမရဲ့ ပေ့ချ်ကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

 

ဖခင်ဖြစ်သူ ဦးအရိုင်းကတော့ ကိုဗစ် ကာလမှာ အခန်းထဲမှာတကုပ်ကုပ်နဲ့ သူကအကြံအစီရှိနေတာကိုး။ဘာတဲ့ ” Moments with Pinky” တဲ့။ ကောင်းပါတယ် ဖအေကိုပထမဆုံးပွဲထုတ်တဲ့သမီးပေါ့။ ပရိသတ်နဲ့တွေ့ဖို့အတွက် နည်းပညာရဲ့နည်းအမျိုးမျိုးဟာ ကျေးဇူးတင်စရာပဲ။ ကဲရယ်စရာမောစရာ၊ အမှတ်တရာလေးတွေ၊ငယ်ငယ်က အကြောင်းလေးတွေပြောရင်း တွေ့ကြရအောင်ပါဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပြီး ပရိသတ်တွေနဲ့တွေ့ပြီး ဟာသ တွေ ပြောဖို့အဆင်သင့်ဖြစ်နေပါပြီတဲ့နော် ..။

Source : ??????? ???? ?????
Emily (Cele Gabar)

 

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x