အိမ်ထောင်သက်တမ်း(၁၉) နှစ်ပြည့်မှာ ချစ်ဇနီးလေးအချစ်ပိုရအောင် စကားဆိုခဲ့တဲ့ ဝိုင်းချစ်

Posted on

ဝိုင်းချစ်ကတော့ တစ်ခေတ်တစ်ခါတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ရွှေညီကိုအငြိမ့်အဖွဲ့ရဲ့ ပင်တိုင်စံဟာသလူရွှင်တော်တစ်ယောက်ပါ။ နှစ်ပေါင်းများစွာ ပရိသတ်တစ်ခဲနက်အားပေးခဲ့တဲ့အငြိမ့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အဖွဲ့ကွဲခဲ့ကာ ယနေ့ထက်တိုင်လည်း လူရွှင်တော်အနေနဲ့ပဲ သီးခြားစီရပ်တည်လျက်ရှိပါတယ်။

ဝိုင်းချစ်ကတော့ လတ်တလောကိုဗစ်ကာလအလုပ်အကိုင်မရှိတဲ့အချိန်မှာ မိသားစုပိုင်ကုန်စုံဆိုင်လေးမှာပဲ ဈေးကူရောင်းရင်း Stay Home ကာလကိုဖြတ်သန်းနေပါတယ်။ ဒီနေ့ကတော့ သူတို့လင်မယားရဲ့မင်္ဂလာနှစ်ပတ်လည်(၁၉) နှစ်ပြည့်လေးဖြစ်ပြီး ဝိုင်းချစ်ကတော့ ” MY LOVE ရေ ဒီနေ့(29-6-2020) ကိုယ်တို့အိမ်ထောင်သက်တမ်း-19နှစ်-ပြည့်တဲ့နေ့ပါ နောင်နှစ်ပေါင်းများစွာမှာလည်း မလျော့သောအချစ် မပြယ်သော မေတ္တာများစွာနဲ့ အစဉ်အမြဲ ဆက်လို့ချစ်နေပါ့မယ်လို့… MY LOVE ကို ထာဝရချစ်နေမယ့် ဝိုင်းချစ်” ဆိုပြီး သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်လေးအတွက် ဇနီးဖြစ်သူအချစ်ပိုရအောင် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။

ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ အိမ်ထောင်တစ်ခုကို အကောင်းမွန်ဆုံးတည်ဆောက်နေတဲ့ ဝိုင်းချစ်ကတော့ ချစ်ဇနီးလေး၊ သားလေးနှစ်ယောက်၊သမီးလေးတစ်ယောက်နဲ့အတူ ဘဝကိုအကောင်းမွန်ဆုံးဖြတ်သန်းဖို့ ကြိုးစားနေသူပါ ပရိသတ်ကြီးရေ… ဒီနေ့ကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်(၁၉) နှစ်ပြည့်လေးမှစပြီး ဒီမိသားစုနဲ့နှစ်ပေါင်းများစွာတိုင် အေးချမ်းပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Aung Khin Soe
Rainbow- Cele Gabar