မင်္ဂလာဦးဆွမ်းကျွေးအလှူကို အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ လှူဒါန်းခဲ့တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

Posted on

မကြာသေးခင်အချိန်အတွင်းက ပူပူနွေးနွေးလက်ထပ်ထားတဲ့စုံတွဲတွေထဲမှာတော့ အိမ့်ချစ်တို့စုံတွဲလည်းအပါအဝင်ပါ။ အခုလည်း မင်္ဂလာစုံတွဲအသစ်စက်စက်လေးကတော့ မင်္ဂလာဦးအလှူတွေကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။


အိမ့်ချစ်ကတော့ သူ့ရဲ့ဖေ့ဘွတ်မှာ အလှူအကြောင်းကို “မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် ၂၇.၆.၂၀၂၀ ရက်နေ့တွင် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မြတ်စွာဘုရားရှင်နှင့်တကွသံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည်” လို့ ရေးသားထားပြီး အလှူပြုလုပ်နေတဲ့ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးခဲ့တာပါ။


အိမ့်ချစ်ကတော့ အသံချိုချိုလေးနဲ့ပရိသတ်အကြိုက်တေးသီချင်းကောင်းတွေကို သီဆိုလေ့ရှိသူဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတယ်လို့ ဆိုရမှာပါ။ အိမ့်ချစ်တို့ဇနီးမောင်နှံကတော့ အခုလိုမင်္ဂလာဦးကာလလေးမှာ မင်္ဂလာဦးအလှူတွေပြုလုပ်ကာ အကျိုးရှိစေခဲ့တာ ကြည်နူးစရာပါပဲနော်…


Source: EintChit