ခရစ္စတီးနားခီရဲ့မွေးနေ့မှာ သူ့အတွက်ရေးစပ်သီဆိုထားတဲ့ သီချင်းလေးလက်ဆောင်ပေးပြီး surprise လုပ်ခဲ့တဲ့ ဇဏ်ခီ

Posted on

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့အောက်တိုဘာ(၁၈) ရက်နေ့ကတော့ ခရစ္စတီးနားခီရဲ့မွေးနေ့ရက်မြတ်လေးပါ။ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နှစ်ယောက်ကတော့ ရုပ်ရှင်ကြည့်ပရိသတ်တွေ အသစ်အဆန်းတွေယူဆောင်လာခဲ့တဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေအသိမှတ်အားပေးခြင်းရရှိခဲ့သလို ပြည့်ဝတဲ့အရည်အချင်းနဲ့ယုံကြည်ရာကို ရဲရဲဝင့်ဝင့်လျှောက်တတ်ကြသူတွေမို့ ပရိသတ်တွေ လေးစားအားကျနေရသူတွေပါ။

ခရစ်ရဲ့မွေးနေ့မနက်ခင်းလေးမှာတော့ ဇဏ်ခီက တချိန်တုန်းက အမှတ်တရတချို့နဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့အပြင် ညဘက်မှာလည်း Surprise လေးတစ်ခုလုပ်ပေးခဲ့ကြောင်း မျှဝေလာပါတယ်။ ခရစ် မသိအောင် အမိုးအပေါ်ထပ်မှာ ရိုမန်တစ်ဖြစ်အောင်စီစဉ်ထားရုံမက ခရစ်အတွက် သူကိုယ်တိုင်ရေးပေးထားတဲ့ သီချင်းလေးကို မွေးနေ့အမှီအသံသွင်း ပြီး ပြင်ဆင်ကာ မွေးနေ့လက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။

တစ်အိမ်ထဲအတူနေရတဲ့သူတွေဖြစ်တဲ့အပြင် အခုလိုကာလမှာ အပြင်လည်းထွက်လို့ မရတာကြောင့် ဒီလို Surprise လေးလုပ်ပေးဖို့တောင် တော်တော်ကြိုးစားခဲ့ရတဲ့ပြီး ခရစ္စတီးနားခီကလည်း ရုပ်ရှင်ပညာမသင်ခင်တုန်းက CID အဖွဲ့ကိုဝင်ချင်ခဲ့သူဆိုတော့ ပိုလို့တောင် မလွယ်ခဲ့ပါသေးတယ်တဲ့ ပရိသတ်ကြီးရေ.. ဒါပေယ့်လည်း ကြိုးကြိုးစားစားနဲ့ မွေးနေ့ Surprise လေးဖြစ်မြောက်အောင် လုပ်ခဲ့ပြီး သူကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ သီချင်းလေးလက်ဆောင်ပေးနိုင်ခဲ့တဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ရဲ့ Birthday Night ဗွီဒီယိုလေးကို ပရိသတ်ကြီးပါ အပျော်တွေကူးစက်နိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Zenn Kyi
Rainbow- Cele Gabar