ငွေသိန်းရာချီကို ဖောင်ဒေးရှင်းအတွက် အမည်မဖော်ဘဲ လှူဒါန်းပေးတဲ့သူတစ်ယောက်ကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ပြေတီဦး

Posted on

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစီတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ပြေတီဦးကတော့ သူအရမ်းအောင်မြင်နေတဲ့အချိန်မှာ ပရိသတ်တွေကို ပြန်လည်ပေးဆပ်လိုတဲ့စိတ်နဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ချို့တဲ့ပြီး ထူးချွန်တဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်တိုက်ကူညီလာခဲ့တာ ယနေ့အချိန်ထိ လို့ဆိုရမှာပါ။

ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြေတီဦးပညာရေး ဖောင်ဒေးရှင်းကနေတဆင့် အနာဂတ်မျိုးဆက်သစ်လူငယ်ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုလိုနှစ်ပေါင်းများစွာ ဆက်တိုက်လှူဒါန်းပေးလာနိုင်ဖို့ အလှူရှင်တွေရဲ့ပံ့ပိုးပေးမှုကလည်း အဓိကကျသလို ဒီတစ်ခေါက်မှာတော့ အလှူရှင်တစ်ယောက်က ဖောင်ဒေးရှင်းအတွက် ငွေသိန်းရာချီကို အမည်မဖော်ဘဲ လှူဒါန်းပေးသွားတယ်လို့ သိရပါတယ်။

ဒီအလှူလေးနဲ့ပတ်သက်ပြီး ပြေတီဦးကတော့ ခုလိုအစစ အရာရာခက်ခဲနေတဲ့အချိန်မှာ ကျွန်တော်တို့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းအတွက် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိကို လာရောက်လှူဒါန်းသွားသော အမည်မဖေါ်လိုသည့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ရှိပါသည် ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလို အစစအရာရာခက်ခဲနေတဲ့ကာလကြီးမှာတောင် ပညာရေးအတွက်အလေးထားပြီး လာရောက်လှူဒါန်းပေးခဲ့တဲ့အပြင် အလှူအတွက် မော်ကြွားလိုစိတ်လုံးဝမရှိတဲ့ အလှူရှင်မိသားစုရဲ့စိတ်ဓာတ်ကတော့ တကယ်ကို အထင်ကြီးလေးစားစရာပါပဲ ပရိသတ်ကြီးရေ..


Source – Pyay Ti Oo
Rainbow- Cele Gabar