လမ်းဘေးကကလေးတွေကို သနားလို့ တွေ့တိုင်း ပိုက်ဆံလှူပေးဖြစ်တယ်ဆိုတဲ့ ရဲလေးမ

Posted on

ရဲလေးမကတော့ ဟာသဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရသူတစ်ယောက်ပါ။ မိန်းမလျာကာရိုက်တာနဲ့ အများဆုံးတွေ့မြင်ရလေ့ရှိတဲ့အပြင် ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်စွာပါဝင်အားဖြည့်လေ့ရှိသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။သူကတော့ အနုပညာကြေးအနည်းငယ်သာရတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်မို့ မပြေလည်တဲ့စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းကနေ မုန့်ဟင်းခါးရောင်းကာ ဖြေရှင်းနေသူဖြစ်ပြီး သူ့ရဲ့မုန့်ဟင်းခါးဆိုင်လေးဟာဆိုရင်လည်း အခုဆိုအတန်အသင့်အောင်မြင်မှုရနေပြီလို့ ဆိုရမှာပါ။

ပိုက်ဆံမချမ်းသာပေမယ့် မွန်မြတ်တဲ့စိတ်ထားလေးနဲ့ဘဝကိုရပ်တည်နေသူ ရဲလေးမကတော့ ဒီနေ့မှာ သူလုပ်နေကြဖြစ်တဲ့အလှူလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ “သူတို့လေးတွေလည်းလူထဲကလူပါပဲ…. အနာဂတ်ပျောက်နေတဲ့သူတို့လေးတွေကိုစာနာတယ်… သနားတယ်… ဒါ့ကြောင့်တွေ့တဲ့နေရာရောက်တဲ့နေရာ တတ်နိုင်သလောက်အမြဲလှူတယ်ပေးတယ်… အများကြီးမလှူနိုင်ဘူး… နိုင်သလောက်လှူတယ်… အနာဂါတ်အလင်းတစ်ခုထွန်းလင်းပြီး လမ်းကြောင်းမှန်တဲ့ဘဝ‌လေးတစ်ခုအမြန်ဆုံးပိုင်ဆိုင်ပါစေလို့ ဦးရဲလေးမဆုတောင်းရုံမှတစ်ပါး” ဆိုပြီး လမ်းဘေးက ကလေးတွေကိုလှူဒါန်းပေးနေကြအလှူလေးကို မျှဝေခဲ့ပါတယ်။

ရန်ကုန်မြို့အနှံ့မှာတော့ လမ်းဘေးမှာတောင်းစားနေတဲ့ကလေးတွေ၊ အမှိုက်ကောက်နေရတဲ့ကလေးတွေ များစွာရှိနေပြီး အနာဂတ်မဲ့နေတဲ့သူတို့လေးတွေရဲ့ဘဝကို ရဲလေးမကတော့ စာနာသနားစွာနဲ့ တွေ့တိုင်းကူညီပေးဖြစ်ကြောင်း သူ့ရဲ့အလှူလေးကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… ရဲလေးမတစ်ယောက် ဒီထက်မက အလုပ်တွေ အဆင်ပြေပြီး အားငယ်နေသူတွေကို စိတ်ရှိတိုင်း ဖေးမကူညီနိုင်တဲ့ လူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Ye Lay Ma
Rainbow- Cele Gabar