ပရိသတ်ကြီးရေ .. အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လည် (၁၁:၁၁) မိနစ်မှာတော့ အဆိုတော်ရန်ပိုင်စိုး(ခ) တာတူးလေးဟာချစ်ရတဲ့ ပရိသတ်တွေကို အပြီးအပိုင်ထားခဲ့ပြီး ကွယ်လွန်သွားခဲ့ပါတယ် ။ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေ အားလုံးက ကိုရန်ပိုင်စိုးအတွက် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ရပြီး ဟာသသရုပ်ဆောင် အရိုင်းကလည်း ဝမ်းနည်းကြေကွဲရကြောင်းရေးသားဖော်ပြခဲ့ပါတယ် ။
ကိုတာတူးရေ ဖုန်းတွေတဂွမ်ဂွမ် လာနေတယ်ဗျာ။ ကျုပ်ဘာပြောရမှာလဲ ” သူ့ကို ဆေးရုံကဆင်းလာရင် စ, မယ်လို့စဉ်းစားထားတာ ကိုဗစ်က ခင်ဗျားနဲ့ရွယ်တူလား ခင်ဗျားကနည်းနည်း ကြီးလား။ အင်း အလွန်ဆုံးကြီး ၁နှစ် ၂နှစ်ပေါ့လို့ သူပြန်ပြော မျက်နှာက မချိုမချဉ် အောင့်သက်သက်မျက်နှာအခံနဲ့ပြန်ပြော ပေါ့။ ဒီလူကြီးငါစ,မယ် နောက်မယ် ကြံထားတာ။ ” ခုတော့ တွေ့တောင်မတွေ့လိုက်ရတော့ဘူး။ ဟိုကမေး ဒီကမေး တာပဲဖြေပေးနေရတာပေါ့ဗျာ လို့ စနောက်ခွင့်တောင် မရလိုက်တဲ့အကြောင်းကိုရေးသားဖော်ပြခဲ့တာပါ ။
အတူတူဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း ၂၅နှစ်၊ နှစ် ၃၀ မှာ ဂီတ, ရုပ်ရှင်, သဘင်, စာပေ ဘက်စုံ ခံစားနိုင်မှုတွေ မေ့မရနိုင်သလို ကောင်းတဲ့ဘဝ ကိုရောက်ပါစေ ကိုတာတူးရေလို့ ဆုတောင်းပေးခဲ့ပါသေးတယ် ။ ပရိသတ်ကြီးလည်း အနုပညာရှင်တွေနဲ့ထပ်တူ နှမျောတသနဲ့ စိတ်မကောင်းဖြစ်ကြရမယ်လို့ထင်ပါတယ်နော် ။
Source : Aung Than Oo
Emily (Cele Gabar)