ချစ်ဇနီးလေးအတွက် မင်္ဂလာသက်တမ်း (၁၂) နှစ်ပြည့် အမှတ်တရစကားလေးမျှဝေလာတဲ့ ဟဲလေး

Posted on

ဂီတခရီးလမ်းမှာ ဟိုးအရင်အချိန်ကတည်းက အခုထိ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဟဲလေးကတော့ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့သီချင်းပေါင်းများစွာကို သီဆိုခဲ့သလို သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ပျော်အောင်ထားမယ် စိတ်ချပါ ဆိုတဲ့သီချင်းလေးကလည်း ဒီအပတ်အတွက် JOOX ရဲ့နံပါတ်(၁) နေရာမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပါသေးတယ်။

ဒီနေ့လေးကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လည်းဖြစ်တဲ့ ဟဲလေးနဲ့ သူ့ရဲ့ချစ်ဇနီးတို့ရဲ့ မင်္ဂလာသက်တမ်း(၁၂) နှစ်ပြည့်လေးပါ။ ဒီနေ့လေးအတွက် အမှတ်တရအနေနဲ့ ဒီနေ့ကျွန်တော်တို့အထိမ်းအမှတ်နေ့ မင်္ဂလာနှစ်ပတ်လည် (၁၂) နှစ်ပြည့်ပါတယ်… ရည်းစားသက်တမ်း(၈) နှစ်ပါထပ်ပေါင်းရင် အောင်မယ်လေး…ဆော်မကြည်တော့တာ..အနှစ်(၂၀) ပဲ… ကျေးဇူးပါအန်တီလင်းရေ..ဒီမဲမဲသဲသဲဟဲဟဲလေးကိုနှစ်နှစ်ကာကာချစ်ပေးတဲ့အပြင် မိသားစုအပေါ်ချစ်ခင်မြတ်နိုးတန်ဖိုးထားလွန်းလို့ပါ… ကိုဗစ်ပြီးတာနဲ့အရင်ထက် ရေတွေတစ်ဝကြီးလောင်းပြီး…ပျော်အောင်ထားပါ့မယ် အချစ်ရေ ဆိုတဲ့စာသားလေးကို မျှဝေခဲ့ပါတယ်။

ဟဲလေးကတော့ လတ်တလောမှာ ချစ်ဇနီး၊ သားလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်ရင်း ပရိသတ်အတွက် သီချင်းကောင်းတွေ ဆက်တိုက်ချပြနိုင်ဖို့ ကြိုးစားနေပါတယ်။ နှစ်(၂၀) လုံးတစ်ယောက်ကို တစ်ယောက်မပြောင်းလဲတဲ့အချစ်တွေနဲ့ လက်တွဲနိုင်ခဲ့ကြတဲ့ ဟဲလေးတို့ ဇနီးမောင်နှံနှစ်ယောက် ဒီနေ့မင်္ဂလာသက်တမ်း(၁၂) ပြည့်လေးကစပြီး နောင်နှစ်ပေါင်းများစွာတိုင် လက်တွဲမဖြုတ်ဘဲ အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Naing Lin Aung
Rainbow- Cele Gabar