ပညာတွေတတ်ပြီး ယူမယ့် ယောကျ်ားမရှိတဲ့သူတွေရဲ့ဘဝကို ပြောပြလာတဲ့ လှနု 

ပရိသတ်ကြီးရေ.. Miss Tourism International Myanmar ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို ပရိသတ်တွေအားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ လှနုထွန်းကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါနော်..။ သူမရေးသားတဲ့စာတွေကြောင့် ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့ပြီး ဝေဖန်တဲ့သူတွေရှိသလို အားပေးတဲ့ သူတွေလည်း အများအပြားပါပဲ ။

လတ်တလောမှာတော့ လှနုတစ်ယောက် ပညာတွေတတ်ပြီး ယူမယ့် ယောကျ်ားမရှိတဲ့သူတွေရဲ့ဘဝကို ဥပမာတစ်ခုနဲ့ခိုင်းနှိုင်းဖော်ပြလာခဲ့ပါတယ် ။ ပညာတွေတတ်ပြီး ယူမယ့် ယောကျ်ားမရှိရင် အရမ်းအိုက်နေချိန် အဲကွန်း လမုပျောက်သလို နာမည်ကြီး ထမင်းငတ်ဖြစ်တတ်တယ် လို့ရေးသားခဲ့တာဖြစ်ပြီး သီတင်းကျွတ်မှာ လမု မြန်မြန်တွေ့ပါစေလို့လည်း ဆုတောင်းပေးထားပါသေးတယ် ။

 

လှနုလည်း တကယ် remote ပျောက်နေပါတယ်လို့ ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေကတော့ သူမကို စနောက်ပြီး မှတ်ချက်တွေပေးထားကြတာလည်း တွေ့ရပါတယ် ။ တချို့ပရိသတ်တွေကလည်း သူမလို remote ပျောက်နေပါတယ်လို့ ရေးသားထားကြပါသေးတယ် ။

 

Source  : Hla Nu

Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x