မန္တလေးအနီးတစ်ဝိုက်မှာဓာတ်ပုံရိုက်ဖို့သွားရင်း အလှူပြုလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ မျိုးမင်းစိုး

Posted on

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်းလက်ရာကောင်းတွေကိုဖန်တီးလေ့ရှိတဲ့မန္တလေးမြို့ရဲ့ နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်တဲ့ဒီဇိုင်နာတစ်ယောက်ဖြစ်သလို အလှူရေစက်လက်နဲပမကွာလှူတန်းလေ့ရှိတာကတော့ မျိုးမင်းစိုးရဲ့စေတနာသဒ္ဓါတရားထက်သန်တဲ့စိတ်ဓာတ်ကြောင့်လို့ ဆိုရမှာပါ။


အလှူအတန်းရက်ရောလွန်းတာကြောင့် ဘွဲ့တံဆိပ်တွေလည်းရထားတဲ့မျိုးမင်းစိုးကတော့ ဓာတ်ပုံရိုက်ကူးရင်းနဲ့တောင်မှ လမ်းကြုံရင်အလှူလုပ်လေ့ရှိတဲ့သူပါ။ အခုလည်း မန္တလေးအနီးတစ်ဝိုက်ဓာတ်ပုံလေးတွေရိုက်ရင်း အကျိုးရှိအောင်အလှူလှူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူသွားတဲ့နေရာမှာတော့ လူသူနည်းပြီး နွားကျောင်းသူတွေပဲရှိလို့ ဆန်၊ဆီနဲ့ Mask တွေလှူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုမထင်မှတ်ဘဲလှူခဲ့တာကတော့(၅)ပြည်အိတ်ဆန်အိတ်(၁၀၀)ကျော်ကုန်ခဲ့တယ်လို့ သိရပါတယ်။


မျိုးမင်းစိုးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်လေ့ရှိပြီး အခုလည်း ဓာတ်ပုံသွားရောက်ရိုက်ကူးရင်း အလှူပြုဖြစ်ခဲ့သူပါ။ မကြာသေးခင်ကလည်း အိမ်ကိုကြွလာတဲ့ဆရာတော်ကို ဝတ္ထုငွေ(၅)သိန်းနဲ့ Mask တွေ လှူဒါန်းခဲ့ပါသေးတယ်။ တကယ့်ကိုလေးစားစရာကောင်းတဲ့သူတစ်ယောက်ပါပဲနော်…
Source : MyoMinSoe