ထက်ထက်မိုးဦး Live ကိုကြည့်ပြီး Screenshot တွေလိုက်ရိုက်မိတယ်ဆိုတဲ့ မအေးသောင်း

Posted on

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့တစ်ချိန်ကြော်ငြာဘုရင်မ အဖြစ် နာမည်ကြီးခဲ့တဲ့ နိုင်ငံကျော်မင်းသမီး ထက်ထက်မိုးဦးရဲ့ Live လွှင့်ပြီး ဈေးရောင်းနေတဲ့ ကိစ္စပါ ။ ခုချိန်ထိ ပရိသတ်တွေကြားမှသူမရဲ့ အောင်မြင်မှု အရှိန်မသေသေးပုံကတော့ သိန်းပေါင်း ထောင်ချီအောင်ရောင်းကောင်းတဲ့ ထိ ပရိသတ်တွေအားပေးကြမ်းခဲ့တာပါ ၊။

ထက်ထက်ရဲ့ Live ကို ပရိသတ်တွေတင်မကဘဲ အနုပညာရှင်တွေကလည်းချစ်ခင်စွာ အားပေးကြည့်ရှုခဲ့ကြပါတယ် ။ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖြစ်တဲ့ မအေးသောင်းကလည်း ရတနာဝယ်နိုင်တဲ့သူတွေအားကျ သလို ရောင်းတဲ့သူကလည်းတော်လိုက်တာ Screenshot ရိုက်လိုက်နော်လို့ မထက်ပြောတော့ ကိုယ်ပါလိုက်ရိုက်မိ။ မသိရင်ဝယ်မှာကျနေတာပဲ ပြန်တွေးပြီးရှက်မိတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ပရိသတ်တွေကတော့ မအေးသောင်းလေး လိုချင်ရင်ဝယ်ပြီးပို့ပေးလိုက်မယ်လို့ စနောက်နေကြပြီး မအေးသောင်းပရိသတ်တွေကလည်း ထက်ထက်ရဲ့ Live ကိုအားပေးကြသူတွေဖြစ်ကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးထဲမှာရော ထက်ထက် Live ကို Screenshot တွေရိုက်မိကြသေးလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Aye Thaung
Emily (Cele Gabar)