မြန်မာ- တောင်ကိုရီးယား ယဉ်ကျေးမှုဖလှယ်ရေးအတွက် ကြိုးစားသွားမယ်ဆိုတဲ့ ခါရာ

အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်၊မင်းသားချောခါရာကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်ကြမှာပါ။ခါရာကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးခဲ့တဲ့အပြင် ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်ပါ။


ဒီနေ့မှာတော့ခါရာဟာ သံအမတ်ကြီးနေအိမ်မှာ ကျင်းပတဲ့ ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး (၄၅) နှစ်ပြည့်အထိမ်းအမှတ် ချစ်ကြည်ရေးသံတမန်ခန့်အပ်တဲ့အခမ်းအနားပွဲမှာ ပထမဆုံး ကိုရီးယားယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန်အဖြစ်ခန့်အပ်ခြင်းခံရပါတယ်။ ဒီခန့်အပ်ခြင်းက တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ ယဉ်ကျေးမှု့အပေါ်မြန်မာနိုင်ငံသားများ စိတ်ပါဝင်စားမှုမြှင့်တင်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတနိုင်ငံယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်သံအမတ်အဖြစ် ပထမဆုံးအကြိမ်ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။


ခါရာကတော့ အခုလိုခန့်အပ်ခံရခြင်းအတွက် အတိုင်းမသိပျော်ရွှင်ဂုဏ်ယူနေခဲ့ပြီး “ရှေ့ဆက်ပြီးလည်း မြန်မာ-တောင်ကိုရီးယား ယဉ်ကျေးမှုဖလှယ်ရေးနဲ့ တောင်ကိုရီးယားယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို ကြိုးစားအားထုတ်လုပ်ဆောင်သွားရင်း မြန်မာ့ယဉ်ကျေးမှုများကိုလည်း တောင်ကိုရီးယားနိုင်ငံသားများ ပိုမိုသိရှိစေဖို့ ဆတက်ထမ်းပိုးကြိုးစားအားထုတ်သွားပါမယ်”လို့ဆိုခဲ့ပါတယ်။ Congratulations ပါ ခါရာရေ..
Source : KharRa

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x