ဇာတ်လမ်းတွဲအသစ်အတွက် ဇာတ်ညွှန်းဖတ်ကာပြင်ဆင်နေပြီဖြစ်တဲ့ Ji Chang Wook နဲ့ Kim Ji Won

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်တွေဖြစ်သလို မြန်မာပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ Ji Chang Wook နဲ့ Kim Ji Wonတို့ကတော့ ဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိသတ်တွေဆီရောက်ရှိလာဦးမှာပါ။ ပရိသတ်တွေရင်ခုန်နေတဲ့ဇာတ်လမ်းတွဲကတော့ “City Couple’s Way of Love”ဖြစ်ပြီး KakaoTVကနေပြီးတော့ ထုတ်လွှင့်ပြသသွားမှာပါ။


ဒီဇာတ်လမ်းတွဲမှာ Ji Chang Wook ကတော့ ရိုးသားပြီး မိမိအလုပ်ကို ချစ်မြတ်နိုးတဲ့ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး နွေရာသီရဲ့ညတစ်ညမှာမထင်မှတ်ဘဲတွေ့ဆုံခဲ့ပြီးမိန်းကလေးတစ်ဦးကို မေ့မရဖြစ်နေသူတစ်ယောက်ပါ။ Kim Ji Wonကတော့ အလွတ်တန်း Marketer တစ်ယောက်ဖြစ်ပြီး လွတ်လပ်စွာရပ်တည်ရတာကိုကြိုက်တဲ့ ရဲရင့်ထက်မြက်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ပါဝင်ထားတာပါ။ ထူခြားဆန်းကြယ်တဲ့နေရာမှာတွေ့ဆုံကြမယ့် သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုကနေပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။


ဒီဇာတ်လမ်းတွဲကတော့ ဒီဇင်ဘာလမှာစတင်ထုတ်လွှင့်ပြသတော့မှာဖြစ်တာကြောင့် သိပ်ပြီးတော့မကြာတော့ပါဘူးနော်။ ဒီနေ့မှာတော့ ဇာတ်ညွှန်းဖတ်နေကြတဲ့ သရုပ်ဆောင်တွေရဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါပြီ။
Source : soompi