“Snowdrop” ဇာတ်လမ်းတွဲကတော့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့မင်းသားJung Hae-in ကြောင့်သာမက Blackpink အဖွဲ့ဝင် Kim Jisoo ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့်လည်း ပရိသတ်စိတ်ဝင်စားမှုများစွာရရှိနေတာပါ။ ဒီဇာတ်ကားမှာ Kim Jisoo ဟာ အဓိကသရုပ်ဆောင်အနေနဲ့ပထမဆုံးခြေလှမ်းခဲ့တာဖြစ်ပေမဲ့ ကေပေါပ့်အိုင်ဒေါတစ်ယောက်အနေနဲ့တော့ ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုရရှိပြီးသားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
“Snowdrop” ဇာတ်လမ်းတွဲဟာ(၁၉၈၀) ခုနှစ်ဝန်းကျင်ကိုပြန်လည် ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းတွေပါဝင်ပြီး မြောက်ကိုရီးယားနိုင်ငံသားဆူဟို နဲ့တောင်ကိုရီးယားတက္ကသိုလ်ကျောင်းသူယောင်းရိုတို့ကြားက အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ ဝေဖန်ကန့်ကွက်တဲ့သူတွေရှိခဲ့ပေမဲ့ အောင်မြင်စွာရိုက်ကူးပြီးစီးခဲ့ပြီး သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ JTBC နဲ့ Disney+ ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသတော့မှာပါ။
ဒီဇာတ်လမ်းတွဲမှာတော့ပရိသတ်ကြိုက်နှစ်သက်တဲ့ Yoo In-na, Jang Seung-jo, Kim Hye-yoon, Yoon Se-ahနဲ့ Jung Yoo-jin စတဲ့ အခြားသောနာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။ ပရိသတ်ကြိုက်နှစ်သက်တဲ့ ဒီဇာတ်လမ်းတွဲကို ဒီဇင်ဘာ(၁၈) မှာစတင်ပြသမှာဖြစ်တာကြောင့် ရက်ပိုင်းသာလိုပါတော့တယ်။ Kim Jisoo ကို အားပေးဖို့အတွက် စောင့်မျှော်နေတဲ့ပရိသတ်တွေရှိလားနော်။
wiki