(၂၀၁၆) ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တဲ့ Asia Artist Awards (AAA) ဟာ အာရှတစ်လွှားမှာရှိတဲ့ အဆိုတော်တွေနဲ့သရုပ်ဆောင်တွေကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ(၂)ရက်နေ့ကကျင်းပခဲ့တဲ့ဒီပွဲမှာ အနုပညာရှင်တွေကတော့ အရောင်အသွေးစုံတဲ့ဖက်ရှင်တွေနဲ့ ကော်ဇောနီထက် လျှောက်လှမ်းခဲ့ကြပါတယ်။
ထူးချွန်တဲ့အနုပညာရှင်များစွာကတော့ ဂုဏ်ပြုဆုတွေရယူခဲ့ဲကြပါတယ်။ အဲ့ဒီအထဲကမှ ပရိသတ်တွေကိုဖမ်းစားခဲ့တဲ့ဖက်ရှင်စတိုင်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…
တမူထူးခြားတဲ့ဆံပင်အတိုနဲ့ မမ Song Ji Hyo ရဲ့ဖက်ရှင်ကတေ့ာ အရမ်းကိုမိမိုက်နေပါတယ်။ Song Ji Hyo ကတော့ Popularity Award (Actor) ဆုကို ရရှိခဲ့ပါတယ်။
ရိုးရှင်းတဲ့အပြင်အဆင်တွေနဲ့ အဖြူရောင်စတ်စုံကိုဝတ်ဆင်ထားပြီး လှပနေတာကတော့ မင်းသမီးချောလေး Moon Ga Young ပါ။ ပရိသတ်တွေ သတိအထားမိခံရဆုံးဖြစ်ခဲ့ပြီး Best Emotive (Actor) ဆုကို သိမ်းပိုက်ခဲ့ပါတယ်။
ဘယ်လိုဖက်ရှင်ပဲဝတ်ပါစေလှမြဲလှဆဲကတော့ ပရိသတ်အချစ်တော် Han So Heeပါ။ သူကတော့ Best Artist (Actor) ဆုကို ရရှိခဲ့ပါတယ်။
အထက်တန်းကျတဲ့ဖက်ရှင်အပြင်အဆင်တွေနဲ့ကတော့ Yuri (Girls’ Generation) ပဲဖြစ်ပါတယ်။ သူကတော့ Best Acting Award ကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။
ပရိသတ်တွေကိုဖမ်းစားခဲ့တဲ့သူတွေထဲမှာ Cha Eun Woo လည်း ပါဝင်ခဲ့ပြီး Best Emotive (Actor) ဆုကို ရရှိခဲ့ပါတယ်။
အဖွဲ့လိုက်ဖက်ရှင်တွေနဲ့စတိုင်ကျနေခဲ့ကြတာကတော့ aespa ၊ MOMOLAND နဲ့ ITZY တို့အဖွဲ့ပဲဖြစ်ပါတယ်။
ref : wiki ,stardailynews