ကိုဗစ်ကူးစက်ခံရမှုမှပြန်လည်ကျန်းမာလာခဲ့ပြီး self-quarantine မှထွက်လာရပြီဖြစ်တဲ့ Lisa

BLACKPINK အဖွဲ့ဝင် Lisa ကတော့ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ပရိသတ်တွေ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အလုပ်တွေမအားလပ်နိုင်အောင်ရှိနေတဲ့ Lisa ကတော့ အလုပ်တွေရပ်နားထားပြီး self-quarantine ဝင်ကာ ကိုဗစ်ရောဂါကို ကုသမှုခံယူနေခဲ့တာပါ။ဒီနေ့မှာတော့ သက်သာပျောက်ကင်းသွားပြီဖြစ်ပြီး self-quarantine မှကာလပြီးဆုံးသွားပြီဖြစ်ကြောင်းကို အေဂျင်စီမှ စာတစ်စောင်ထုတ်ကာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။


“Lisa ဟာနေအိမ်မှာပဲ ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပြီး အစိုးရကျန်းမာရေးအာဏာပိုင်တွေက ဗိုင်းရပ်စ်ဆက်လက်ပြန့်ပွားနိုင်ချေမရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့(၁၂)နာရီကစပြီး self-quarantine ပြီးဆုံးသွားပါပြီ။ ဒါ့အပြင် အခြားသော BLACKPINK အဖွဲ့ဝင်တွေဟာလည်း ကာကွယ်ဆေးထိုးနှံထားပြီး self-quarantine ဝင်ရန်မလိုသောသူများဖြစ်ကြောင်းနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့်ချိန်းဆိုမှုတွေကလွဲပြီး ပြင်ပကိုသွားရမယ့်ကိစ္စတွေကို လျှော့ချထားကြောင်း” အသိပေးခဲ့ပါတယ်။


ဒါ့အပြင်ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းလိုက်နာကာ အနုပညာရှင်တွေ ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်သွားမယ့်အကြောင်း ရေးသားခဲ့ပါတယ်။ Lisa ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းအတွက်ပျော်ရွှင်နေကြပြီး နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုလည်း ရင်ခုန်နေမှာ အမှန်ပါပဲနော်။
soompi

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x