ထုတ်လွှင့်ပြသနေစဉ်မှာ အံ့ဩလောက်စရာကြည့်ရှုနှုန်းကိုရရှိခဲ့တဲ့The Red Sleeve

ဒရမ်မာကြိုက်တဲ့ပရိသတ်တွေကတော့The Red Sleeve ဆိုတဲ့ နန်းတွင်းဇာတ်လမ်းတွဲလေးကို ကြည့်ရှုနေကြလိမ့်မယ်လို့ ထင်ပါတယ်။ ရိုမန့်ဒရမ်မာဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ပရိသတ်တွေကို ဖမ်းစားထားတာလည်း ဖြဈပါတယ်။

ဒီဇာတ်လမ်းတွဲမှာဆိုရင်မင်းသား Lee Jun-hoနဲ့ မင်းသမီး Lee Se – young တို့က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ အချစ်ရေးထက်တိုင်းပြည်အရေးဟာပိုအရေးကြီ

းတယ်လို့ခံယူထားသူဂျိုဆွန်းဘုရင်ကြီးနဲ့ ရွေးချယ်ထားတဲ့ဘဝကို ကာကွယ်လိုသူ အပျိုတော်မိန်းကလေးတို့ကြားက နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ ပြသနေချိန်အတွင်းမှာ အပိုင်းအလိုက်ကြည့်ရှုနှုန်းတွေ တရိပ်ရိပ်တက်လာတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းမှာ Now,We Are Breaking Up ထက် ‌ကျော်တက်သွားခဲ့ပါပြီ။ MBC ရုပ်သံလိုင်းမှာလည်း (၃) နှစ်ကျော်အတွင်း ကြည့်ရှုနှုန်း (၁၀)ရာခိုင်နှုန်းကျော်သွားတဲ့ မီနီစီးရီးတစ်ခုဖြစ်လာပါတယ်။ The Red Sleeve ကိုအားပေးနေတဲ့ ပရိသတ်တွေရှိလားနော်။

Wiki

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x