တောင်ကိုရီးယားနိုင်ငံကအမျိုးသမီးရုပ်သံသတင်းထောက်တစ်ယောက်ဖြစ်တဲ့ Song Moo Bin ကတော့ ထူးခြားလှပတဲ့ရုပ်ရည်သွင်ပြင်ကြောင့် လူပြောများကာရေပန်းစားလို့နေပြီး သူ့ရဲ့ဓာတ်ပုံတွေကိုတွေ့မြင်လိုက်ရတဲ့အခါမှာတော့ ဒီလိုရေပန်းစားတာက တကယ့်ကိုမထူးဆန်းပါဘူးဆိုတာ တွေ့ရမှာပါ။
သူကတော့ TV Chosun ဆိုတဲ့ရုပ်သံလိုင်းမှာ (၂၀၁၆) ခုနှစ်ကတည်းက စတင်အလုပ်လုပ်နေတာဖြစ်ပြီး အလုပ်လုပ်နေခဲ့တာ (၅) နှစ်ရှိပါပြီ။ သူဟာ တင်ဆက်သူတစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပြီး အခုဆိုရင် သတင်းထောက်တစ်ယောက်အဖြစ်နဲ့ လုပ်ကိုင်နေပါပြီ။ သတင်းထောက်အဖြစ်နဲ့ လုပ်ဆောင်နေရတဲ့ အခုအချိန်မှာတော့ သူ့ရဲ့အိုင်ဒေါတစ်ယောက်ကဲ့သို့ ပြီးပြည့်စုံလှပတဲ့ရုပ်ရည်က သတင်းခေါင်းစဉ်တွေထက်တောင်မှ နာမည်ကြီးနေခဲ့ပါပြီ။
Song Moo Bin ဟာ မျက်လုံးဝိုင်းဝိုင်း၊ ဘဲဥပုံမျက်နှာနဲ့လှပတဲ့အသားအရေတွေကြောင့် အင်တာနက်အသုံးပြုသူတွေကို ဖမ်းစားနိုင်နေပြီလည်း ဖြစ်ပါတယ်။ အလှပဂေးတင်းထောက်မလေးကတော့ အခုဆိုပရိသတ်တွေစတင်ရရှိနေပါပြီ။ သူဟာဝင်ခွင့်ခက်ခဲတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ Ewha Woman’s University ကနေပြီးတော့ English Literature နဲ့ဘွဲ့ရထားတာပါ။
သူ့ရဲ့ပညာရေးနောက်ခံကြောင့်လည်း အထင်ကြီးလေးစားခံနေရပြီး ရုပ်ရည်နဲ့ညဏ်ရည်ညဏ်သွေးပါ ပြည့်စုံကောင်းမွန်တဲ့သူတစ်ယောက်ဆိုပြီး ချီးမွမ်းခံနေရတာပါ။ နာမည်ကြီးနေတဲ့ Song Moo Bin တစ်ယောက် သတင်းထောက်ကောင်းတစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်လာဦးမယ်လို့ မျှော်လင့်မိပါတယ်။
Koreaboo