“Snowdrop” ဇာတ်လမ်းတွဲမှာ ထူးချွန်တဲ့ခွဲစိတ်ဆရာဝန်မလေးအဖြစ်နဲ့ပါဝင်လာမယ့် Yoo In Na

Posted on

မင်းသမီးချော Yoo In Na ကတော့ မြန်မာပရိသတ်တွေနဲ့လည်းမစိမ်းတဲ့ နာမည်ကျော်မင်းသမီးတစ်လက်ပါပဲ။ သူ့ကိုတော့ Queen and I (2012) Goblin(2016–17) Touch Your Heart (2019) စတဲ့ဇာတ်လမ်းတွဲတွေနဲ့အတူ လူသိများပါတယ်။ သူကတော့ သိပ်မကြာခင်မှာပြသတော့မယ့် Snowdrop ဇာတ်လမ်းတွဲမှာပါဝင်လာတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ (၁၉၈၇) ခုနှစ်ကနိုင်ငံရေးသမိုင်းကြောင်းကို နောက်ခံထားပါတယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံသား Su Ho ဟာ သွေးအလိမ်းလိမ်းနဲ့ အမျိုးသမီးဆောင်ထဲရောက်ရှိနေခဲ့ပြီး ကျောင်းတစ်ယောက်ဖြစ်တဲ့ Young Ro က ကူညီကယ်တင်ထားရာက အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းတွဲမှာ Yoo In Na ကတော့ လှပပြီးထက်မြက်တဲ့ခွဲစိတ်ဆရာဝန်မ Kang Chung Ya အဖြစ် ပါဝင်လာမယ်လို့သိရပါတယ်။

Kang Chung Ya ဟာ သူ့ရဲ့ခွဲစိတ်ခန်းကအရည်အချင်းတွေကြောင့် နာမည်ကျော်ကြားသော်လည်း နောက်ကွယ်မှာစိတ်ဝင်စားစရာလျှို့ဝှက်ချက်တွေဖုံးကွယ်ထားသူလည်း ဖြစ်ပါတယ်။ ရိုက်ကူးရေးကဝန်ထမ်းတွေကတော့ သူ့ရဲ့ဇာတ်ရုပ်နဲ့ပတ်သက်ပြီး “Yoo In Na ဟာ Kang Chung Ya ဇာတ်ရုပ်ကိုသရုပ်ဆောင်ရာမှာလုံးဝပြီးပြည့်စုံတယ် ။ ဒီဇာတ်ရုပ်ဟာ ဒရမ်မာရဲ့အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာလိမ့်မယ်”လို့ ဆိုကြပါတယ်။ စောင့်ကြည့်လိုက်ရအောင်နော်။
soompi