ကိုဗစ်(၁၉) ရောဂါပိုးကူးစက်ခံထားရတဲ့ မင်းသမီးချော Yoon Eun-hye

Posted on

လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့မင်းသမီးချော Yoon Eun-hye ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူ့ကိုတော့ Princess Hours (2006) Coffee Prince (2007) နဲ့ My Fair Lady (2009) စတဲ့ဇာတ်ကားတွေမှာ လူသိများကြတာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဇာတ်ကားအသစ်တွေ မထွက်ရှိတော့သော်လည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။


မင်းသမီးကတော့ ကိုဗစ်(၁၉)ပိုးကူးစက်ခံရကြောင်းကို အင်စတာဂရမ်ကနေတစ်ဆင့်ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူ့ရဲ့မိသားစုဝင်တစ်ဦးဟာနေမကောင်းဖြစ်လာခဲ့ပြီး စမ်းသပ်လိုက်တဲ့အခါမှာ ကိုဗစ်(၁၉)ကူးစက်ခံနေရတာပါ။သူကိုယ်တိုင်ဆေးစစ်ခဲ့တဲ့အခါမှာလည်း positive ဖြစ်နေခဲ့ပါတယ်။ ရောဂါပိုးကူးစက်ခံရသော်လည်း ပြင်းထန်တဲ့ရောဂါလက္ခဏာတွေတော့မရှိဘူးလို့ သိရပါတယ်။ သူကတော့ ဆေးကုသမှုခံယူပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်းအတိအကျလိုက်နာကာ ကွာရန်တင်းဝင်နေပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Yoon Eun-hye ဟာ JTBC ကထုတ်လွှင့်တဲ့ variety show တစ်ခုဖြစ်တဲ့ Cook King: Birth of the Cooking King မှာတော့ ပါဝင်လျက်ရှိပါတယ်။ အမြန်ဆုံးနေကောင်းပြီး အလုပ်တွေပြန်လုပ်နိုင်စေဖို့ဆုတောင်းလိုက်ပါတယ်နော်။
soompi