သန်းပေါင်းများစွာကို လှူဒါန်းတဲ့နေရာမှာအသုံးပြုတဲ့ မင်းသမီး Yoo In Na

Posted on

အသက်နဲ့မလိုက်အောင် နုပျိုလှပပြီးအရုပ်မလေးလိုချစ်စရာကောင်းတဲ့ မင်းသမီးတွေထဲမှာတော့ Yoo In Na ကတော့ ထိပ်ဆုံးကပါပဲနော်။ သူ့ကတော့ “Goblin” ဇာတ်ကားမှာကမ္ဘာနဲ့အဝှမ်းလူသိများလာကာ ကျော်ကြားလာသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း လူစိတ်ဝင်စားမှုများနေတဲ့ Snowdrop ဇာတ်လမ်းတွဲမှာ ပါဝင်ထားပါတယ်။


မင်းသမီးချော Yoo In Na ကတော့ အနုပညာမှာလည်းအောင်မြင်နေသလို လှူဒါန်းမှုတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့သိရပါတယ်။ သူကတော့ အကြားအာရုံချို့တဲ့နေတဲ့ ကလေးတွေကိုထောက်ပံ့ကူညီနေတဲ့အဖွဲ့အစည်းကို လှူဒါန်းခဲ့တာဖြစ်ပြီး ကိုရီးယားဝမ်သန်း(၅၀)ခန့်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အခုလိုလှူဒါန်းမှုပြုတာလည်း (၃) နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပါတယ်။


ဒါတွေတင်မကသေးပါဘူး။ Yoo In Na ကတော့ အာဖရိကမှာရှိတဲ့ အာဟာရချို့တဲ့နေတဲ့ကလေးတွေ နဲ့ အခြားသောဒုက္ခသည်တွေကိုလည်း ထောက်ပံ့ကူညီမှုတွေပြုခဲ့သေးတယ်လို့ သိရပါတယ်။ စိတ်ထားကောင်းမွန်တဲ့မင်းသမီးချောလေး ဒီထက်မကအောင်မြင်ပါစေနော်။