ကော်ဖီဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်း အနုပညာအလုပ်လုပ်ဖို့ကမ်းလှမ်းခံခဲ့ရဖူးတဲ့ Song Ji Hyo

Posted on

Running Man အစီအစဉ်ကတော့ ပရိသတ်တွေအကြိုက်နှစ်သက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ မကြာသေးခင်က Running Man အစီအစဉ်မှာ အဖွဲ့ဝင်ခြောက်ဦးဟာ Ji Suk Jin ရဲ့နေ့စဉ်အစီအစဉ်မှာပါဝင်ဖို့ဖြစ်လာခဲ့ပါတယ်။


ဒီတစ်ခေါက်မှာJi Suk Jin and Yoo Jae Suk တို့ကတော့ ဆိုးလ်မြို့က ကော်ဖီဆိုင်တစ်ခုမှာ အချိန်ဖြုန်းဖြစ်ခဲ့တဲ့အကြောင်းကိုပြောဖြစ်ခဲ့ကြပါတယ်။ ကော်ဖီဆိုင်မှာအလုပ်လုပ်ရင်း အနုပညာအလုပ်လုပ်ဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ နာမည်ကြီးတွေရှိတဲ့အကြောင်း ပြောဖြစ်ခဲ့တဲ့အခါမှာ ဒီလိုအဖြစ်အပျက်မျိုး Song Ji Hyo မှာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ Song Ji Hyo ကတော့ လက်ရှိအချိန်မှာ နာမည်ရဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။


Running Man အစီအစဉ်မှာ Song Ji Hyo ကတော့ ကော်ဖီဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်း အနုပညာအလုပ်လုပ်ဖို့ ရွေးချယ်ခံခဲ့ရဖူးကြောင်း ပြောပြခဲ့ပါတယ်။ အခြားသူတွေကတော့ အဲ့ဒီအချိန်တုန်းကလည်း သူ့ရဲ့ရုပ်ရည်အလှကြောင့် ထင်ပေါ်ခဲ့လိမ့်မယ် လို့လည်း မှတ်ချက်ချခဲ့ကြပါတယ်။ မမ Song Ji Hyo ကတော့ အခုအချိန်အထိလှပနုပျိုနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရရှိနေဆဲပါပဲနော်။