အင်စတာဂရမ်က Follower တွေကြောင့် ဂင်းနစ်စံချိန်နှစ်ခုချိုးသွားခဲ့ပြန်တဲ့ BTS အဖွဲ့ဝင် V

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ ဂီတလွှမ်းမိုးမှုဟာ တစ်ကမ္ဘာလုံးမှာ ပေါက်မြောက်အောင်မြင်လျက်ရှိနေပါတယ်။ ကေပေါပ့်အဖွဲ့တွေကတော့ ပရိသတ်တွေရဲ့အသည်းကိုကိုင်လှုပ်ထားနိုင်ပါတယ်။ အဲ့ဒီအထဲကမှ BTS ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေသည်းသည်းလှုပ်ချစ်ခင်အားပေးရတဲ့ ကေပေါပ့်အဆိုတော်အဖွဲ့ပါ။


ဒီဇင်ဘာလ(၆)ရက်နေ့ကတော့ အဖွဲ့ဝင်(၆)ဦးစလုံးရဲ့ အင်စတာဂရမ်အကောင့်တွေကို ပရိသတ်တွေကိုအသိပေးပြီး အံ့အားသင့်စေခဲ့ပါတယ်။ ဒီဇင်ဘာလ(၁၃)ရက်မှာတေ့ာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က BTS အဖွဲ့ဝင် V ဟာ Follower တစ်သန်းနဲ့ ဆယ်သန်းကို အမြန်ဆုံးရောက်ခဲ့တဲ့သူအဖြစ်စံချိန်တင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ V ဟာ (၄၃) မိနစ်အတွင်းမှာ Follower တစ်သန်းနဲ့ (၄)နာရီ (၅၂) မိနစ်အတွင်းမှ Follower (၁၀)သန်း ရရှိခဲ့ပါတယ်။


အခုဆိုရင်တော့ BTS အဖွဲ့ဝင်တွေအားလုံးဟာ Follower သန်း(၂၀) ကျော်စီ ရရှိထားတာလည်း ဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ BTS အဖွဲ့ဝင်တွေအားလုံးအတွက် Congratulations ပါ။