Angelina Jolie နဲ့ Taylor Swift လို ဒိတ်ဒိတ်ကြဲတွေနဲ့အတူ ကမ္ဘာ့အလေးစားခံရဆုံးအမျိုးသမီး(၂၀)ဦးမှာ ပါဝင်လာတဲ့ Lisa

Posted on

ကေပေါပ့်ဂီတရဲ့လွှမ်းမိုးမှုနဲ့အတူကမ္ဘာအဝှမ်းအောင်မြင်ကျော်ကြားမှုတွေရလာတာကတော့ ကေပေါပ့်အိုင်ဒေါတွေပါပဲနော်။ အဲ့ဒီအထဲကမှ BLACKPINK အဖွဲ့ဝင် Lisa ကတော့ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးကေပေါပ့်အိုင်ဒေါတစ်ယောက်ဆိုတာ ငြင်းမရပါဘူး။

Lisa ဟာ ပြီးပြည့်စုံတဲ့အလှကိုပိုင်ဆိုင်ထားသလို အင်မတန်ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဆိုတာလည်း ပရိသတ်တွေအသိအမှတ်ပြုထားကြပါတယ်။ သူဟာဂီတနယ်ပယ်မှာတင်မကဘဲ ဖက်ရှင်ပိုင်းမှာပါအောင်မြင်နေပြီး ပရိသတ်တွေသန်းပေါင်းများစွာကို ပိုင်ဆိုင်ထားတာပါ။ အခုဆိုရင် YouGov လို့ ခေါ်တဲ့ နိုင်ငံတကာအချက်အလက်သုတေသနနဲ့ ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့ကတော့ ကမ္ဘာ့အလေးစားခံရဆုံးအမျိုးသမီး(၂၀)ဦးမှာ Lisa ကို ထည့်သွင်းထားပါတယ်။

Lisa ကတော့ Angelina Jolie, Taylor Swift, Scarlett Johansson နဲ့ Emma Watson စတဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားနေတဲ့ ကမ္ဘာကျော်တွေရဲ့နောက်မှာရှိနေပြီး ဒီစာရင်းရဲ့နံပါတ်စဉ်(၁၇) မှာရှိနေပါတယ်။ သူဟာ ဒီလိုစာရင်းမှာပါဝင်လာတဲ့ တစ်ဦးတည်းသောထိုင်းလူမျိုးကေပေါပ့်အိုင်ဒေါတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒီလိုမျိုးသတ်မှတ်ခံရခြင်းအတွက် အရမ်းကိုဂုဏ်ယူနေခဲ့ပါပြီ။