နာမည်ကျော်မင်းသမီး (၃) ဦးပါဝင်ထားတဲ့ ဒရမ်မာဇာတ်လမ်းတွဲအသစ်

Posted on

“39”လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲကတော့ အထက်တန်းကျောင်းဒုတိယနှစ်ကတည်းက ခင်မင်လာခဲ့ပြီး အခုဆိုရင် (၄၀) ထဲကိုရောက်ရှိလာပြီဖြစ်တဲ့ သူငယ်ချင်း(၃) ယောက်အကြောင်းကို အခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ အသက်(၃၉) နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးသုံးဦးရဲ့ လှပပြီးစိတ်လှုပ်ရှားဖွယ်ရာနေ့ရက်တွေမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကို ကြုံတွေ့ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းတွဲမှာမင်းသမီးချော Son Ye Jin ကိုတော့ ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာပြီး ကောင်းမွန်စွာကြီးပြင်းလာခဲ့ရတဲ့ ကြင်နာနွေးထွေးတဲ့စိတ်နေသဘောထားရှိတဲ့ ဦးခေါင်းအရေပြားအထူးကုဆရာဝန်မအဖြစ်တွေ့ရမှာပါ။Jeon Mi Do ကတော့ မင်းသမီးတစ်ယောက်ဖြစ်ချင်ခဲ့သော်လည်း သရုပ်ဆောင်တွေကိုသင်ကြားပေးတဲ့ ဆရာမအဖြစ်နဲ့အဆုံးသတ်ခဲ့ရတဲ့သူတစ်ဦးအနေနဲ့ ပါဝင်ထားပါတယ်။ Jeon Mi Do ရဲ့ဇာတ်ရုပ်ကတော့ ပြတ်ပြတ်သားသားပြောဆိုတတ်ပြီးကြမ်းတမ်းတယ်လို့ထင်ရသော်လည်း ရိုးသားမှုအပြည့်ရှိတဲ့သူတစ်ယောက်ပါ။

Kim Ji Hyun ကတော့ အလှကုန်ဆိုင်ရဲ့မန်နေဂျာဖြစ်ပြီး ရှက်တတ်ကြောက်တတ်သောသူဖြစ်တာကြောင့် ရိုမန့်တစ်ဆန်တဲ့အချစ်ကိုမတွေ့ဖူးသေးတဲ့သူအဖြစ် သရုပ်ဆောင်ထားတာပါ။ စိတ်ဝင်စားစရာကာရိုက်တာတစ်မျိုးစီရှိတဲ့ သူတို့သုံးဦးကြားက ခိုင်မြဲတဲ့ဆက်ဆံရေးကိုတော့ ပိုစတာမှာ ဖော်ပြထားပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ (၂၀၂၂) ဖေဖော်ဝါရီလမှာပြသသွားမှာပါ။ ပရိသတ်တွေအတွက်တော့ ကြည့်နေကျနဲ့မတူဘဲထူးခြားတဲ့ဇာတ်လမ်းတစ်ခုဖြစ်လာမယ်ပုံပါပဲနော်။