တောင်ကိုရီးယားနိုင်ငံကတော့ ဇာတ်ကားတွေကတော့ အာရှမှာသာမက ကမ္ဘာမှာပါ ကြိုက်နှစ်သက်သူများလျက်ရှိတာပါ။ အခုတစ်ခါမှာလည်း ပိုစတာထွက်ရှိလာပြီးနောက် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတဲ့ ဇာတ်လမ်းတွဲရှိပါတယ်။ အဲ့ဒါကတော့ The Pirates 2 ဖြစ်ပါတယ်။
(၂၀၁၄) မှာ ထွက်ရှိခဲ့တဲ့ The Pirates ဇာတ်ကားကလည်း လူကြိုက်များခဲ့ပြီး အခု The Pirates 2 ဇာတ်ကားရဲ့ ပိုစတာထွက်ရှိလာချိန်မှာလည်း ပရိသတ်တွေကြား ရေပန်းစားလျက်ရှိနေတာပါ။ ဒီဇာတ်ကားကတော့ တော်ဝင်မိသားစုရဲ့ပျောက်ဆုံးသွားတဲ့ရတနာကို စွန့်စားရှာဖွေကြမယ့် ပင်လယ်ဓားပြတွေအကြောင်းရိုက်ကူးထားတာပါ။ စွန့်စားခန်းတွေနဲ့အတူ ပရိသတ်တွေရင်ခုန်ရမယ့် ဇာတ်ကားကောင်းတစ်ခုပါပဲ။
ဒီဇာတ်ကားထဲကသရုပ်ဆောင်တွေကလည်း ပရိသတ်တွေကို ပိုပြီးတော့စိတ်ဝင်စားစေပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသမီးချော Han Hyo Joo အပြင် ပရိသတ်အချစ်တော်မင်းသားတွေဖြစ်တဲ့ Kang Ha Neul ၊ EXO’s Sehun နဲ့ Kwon Sang Woo စတဲ့ သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဒီဇာတ်ကားကတော့ ဇန်နဝါရီလ (၂၀၂၂) မှာထွက်ရှိလာမှာ ဖြစ်ပါတယ်။